-
ဟေရှာယ ၅၁:၁၂၊ ၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ “ငါဟာ မင်းတို့ကို နှစ်သိမ့်ပေးတဲ့အရှင်ပဲ။+
သေမျိုးဖြစ်တဲ့လူကို၊
မြက်စိမ်းလို ညှိုးနွမ်းသွားမယ့်လူသားကို ဘာလို့ ကြောက်ရမှာလဲ။+
၁၃ မိုးကောင်းကင်ကို ဖြန့်မိုးပြီး+ မြေကြီးကို အုတ်မြစ်ချတဲ့အရှင်၊
ဖန်ဆင်းရှင် ယေဟောဝါကို ဘာလို့ မေ့ရတာလဲ။+
မင်းကို ဖျက်ဆီးနိုင်မယ့်သူလို့ ထင်ပြီး ဖိနှိပ်သူရဲ့ ဒေါသကို
ဘယ့်နှယ် တစ်ချိန်လုံး ကြောက်နေရတာလဲ။
အခု ဖိနှိပ်သူရဲ့ဒေါသ ဘယ်မှာလဲ။
-
-
၁ ပေတရု ၄:၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ ဒါကြောင့် ဘုရားသခင်ရဲ့ အလိုတော်ကိုဆောင်လို့ ဆင်းရဲဒုက္ခခံရသူတွေဟာ ကောင်းမှုပြုရင်းနဲ့ သစ္စာရှိတဲ့ ဖန်ဆင်းရှင်ဆီ မိမိကိုယ်ကို အပ်နှံထားကြပါ။+
-