-
ဆာလံ ၈၄:၁-၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈၄ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ၊
ခမ်းနားလှတဲ့ တဲတော်ကို ချစ်မြတ်နိုးလိုက်တာ။+
၂ ယေဟောဝါရဲ့ ရင်ပြင်တော်ကို တမ်းတရလွန်းလို့ ကျွန်တော် နွမ်းလျနေပါပြီ။+
အသက်ရှင်တဲ့ ဘုရားသခင်ကို စိတ်ရောကိုယ်ပါ ရွှင်လန်းစွာ ချီးမွမ်းသီချင်းဆိုပါတယ်။
၃ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ၊
ကျွန်တော့်ဘုရင်၊ ကျွန်တော့်ဘုရားသခင်၊
ငှက်တွေတောင် အိမ်တော်မှာ နေစရာရှိပါတယ်။
ပျံလွှားကလည်း ခမ်းနားလှတဲ့ ပူဇော်ရာပလ္လင်နားမှာ အသိုက်ဆောက်ပြီး
သားပေါက်တွေကို စောင့်ရှောက်ပါတယ်။
၄ အိမ်တော်မှာ နေထိုင်သူတွေ
ပျော်ရွှင်ချမ်းမြေ့တယ်။+
ကိုယ်တော့်ကို အမြဲချီးမွမ်းနိုင်ကြတယ်။+ (စဲလာ)
-
-
ဆာလံ ၈၄:၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ တံတိုင်းတော်ထဲမှာ နေရတဲ့ တစ်ရက်တာဟာ တခြားနေရာမှာ နေရတဲ့ ရက်ပေါင်းတစ်ထောင်ထက် သာလွန်ပါတယ်။+
လူဆိုးတွေရဲ့တဲမှာ နေမယ့်အစား ဘုရားသခင့်အိမ်တော်မှာ တံခါးစောင့်လုပ်ဖို့ပဲ ရွေးချယ်ပါတယ်။
-