ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၂၃:၃၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၁ “မင်းတို့ရဲ့နယ်နိမိတ်ကို ပင်လယ်နီကနေ ဖိလိတိပင်လယ်အထိ၊ တောကန္တာရကနေ မြစ်ကြီး*+ အထိ ငါသတ်မှတ်ပေးမယ်။ အဲဒီပြည်သားတွေကို မင်းတို့လက်ထဲ အပ်မှာဖြစ်လို့ သူတို့ကို နှင်ထုတ်နိုင်မယ်။+

  • ၁ ဘုရင်များ ၄:၂၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၁ ရှောလမုန်က မြစ်ကြီး* ကနေ+ ဖိလိတိပြည်အထိ၊ အီဂျစ်ပြည် နယ်နိမိတ်အထိ နိုင်ငံအားလုံးကို အုပ်ချုပ်တယ်။ အဲဒီနိုင်ငံတွေက ရှောလမုန်လက်ထက် တစ်လျှောက်လုံးမှာ အခွန်ပဏ္ဏာဆက်သပြီး လက်အောက်ခံကြတယ်။+

  • ဆာလံ ၂:၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၈ ငါ့ဆီမှာ တောင်းပါ။ လူမျိုးတွေကို မင်းရဲ့အမွေအဖြစ်၊

      ကမ္ဘာမြေတစ်ခွင်လုံးကို မင်းရဲ့ပိုင်ဆိုင်ရာအဖြစ် ငါပေးမယ်။+

  • ဆာလံ ၂၂:၂၇၊ ၂၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၇ မြေတစ်ခွင်လုံးဟာ သတိရပြီး ယေဟောဝါဆီ ပြန်လာလိမ့်မယ်။

      လူမျိုးနွယ်အားလုံးလည်း ရှေ့တော်မှာ ဦးညွှတ်ကြလိမ့်မယ်။+

      ၂၈ ယေဟောဝါဟာ ရှင်ဘုရင်ပဲ။+

      လူမျိုးတွေကို အုပ်စိုးနေတယ်။

  • ဒံယေလ ၂:၃၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၅ သံ၊ ရွှံ့စေး၊ ကြေးနီ၊ ငွေ၊ ရွှေအားလုံး ကြေမွကုန်ပြီး နွေရာသီမှာ ကောက်နယ်တလင်းကနေ လွင့်သွားတဲ့ဖွဲလို ဖြစ်သွားတယ်။ လေထဲ လွင့်ပါသွားတဲ့အတွက် အစအနတောင်ရှာမတွေ့တော့ဘူး။ ရုပ်တုကို တိုက်ချတဲ့ ကျောက်တုံးကတော့ တောင်ကြီးတစ်လုံး ဖြစ်လာပြီး မြေတစ်ပြင်လုံး ပြည့်သွားတယ်။

  • ဇာခရိ ၉:၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၀ စစ်မြင်းရထားတွေကို ဧဖရိမ်ကနေ၊

      မြင်းတွေကို ဂျေရုဆလင်ကနေ ငါပယ်ရှင်းမယ်။

      စစ်ပွဲမှာသုံးတဲ့ လေးတွေကိုလည်း ပယ်ရှင်းမယ်။

      လူမျိုးတွေကို ငြိမ်းချမ်းရေးအကြောင်း သူကြေညာလိမ့်မယ်။+

      သူ့ရဲ့အုပ်ချုပ်ခွင့်အာဏာဟာ ပင်လယ်တစ်ပြင်ကနေ တစ်ပြင်အထိ၊

      မြစ်ကြီး* ကနေ မြေကြီးစွန်းအထိ သက်ရောက်လိမ့်မယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ