ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၄:၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၉ “ဒါကြောင့် ကိုယ်တိုင်မြင်ခဲ့တာတွေကို တစ်သက်လုံး မမေ့ဖို့၊ စိတ်ထဲမှာ မပျောက်ပျက်သွားစေဖို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ၊ သတိထားကြပါ။ သားမြေးတွေကိုလည်း ပြောပြကြပါ။+

  • တရားဟောရာ ၆:၆၊ ၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • တရားဟောရာ ၆:၂၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၁ ‘အဖေတို့ဟာ အီဂျစ်ပြည်မှာ ဖာရောရဲ့ကျွန်တွေ ဖြစ်ခဲ့ကြတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားက အဖေတို့ကို အီဂျစ်ပြည်ကနေ အားကြီးတဲ့လက်နဲ့ ခေါ်ထုတ်ခဲ့တယ်။

  • တရားဟောရာ ၁၁:၁၈၊ ၁၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၈ “ဒီစကားတွေကို စိတ်ထဲ၊ နှလုံးထဲ စွဲမှတ်ထားပါ။ သတိပေးချက်အနေနဲ့ လက်ပေါ်မှာ ချည်ထားပါ။ နဖူးစည်းလို ဖြစ်စေပါ။+ ၁၉ သားသမီးတွေကိုလည်း ဒီစကားတွေ သွန်သင်ပေးရမယ်။ အိမ်မှာ ထိုင်တဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊ အိပ်တဲ့အခါ၊ ထတဲ့အခါ သူတို့ကို ပြောပြပါ။+

  • ယောရှု ၄:၆၊ ၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၆ အဲဒီကျောက်တွေက ဘုရားသခင် လုပ်ပေးခဲ့တာတွေကို အမှတ်ရစေမယ်။ နောင်တစ်ချိန်မှာ သားသမီးတွေက ‘ဒီကျောက်တုံးတွေကို ဘာလို့ထားတာလဲ’ ဆိုပြီး မေးလာရင်၊+ ၇ ‘ယေဟောဝါရဲ့ ပဋိညာဉ်သေတ္တာကို ထမ်းပြီး ဂျော်ဒန်မြစ်ကို ဖြတ်ကူးတဲ့အခါ ပဋိညာဉ်သေတ္တာရှေ့မှာ မြစ်ရေ ရပ်တန့်သွားတယ်။+ ဒါကြောင့် ဒီကျောက်တုံးတွေဟာ အစ္စရေးတွေအတွက် ထာဝရအထိမ်းအမှတ်ပဲ’+ ဆိုပြီး ပြောပြရမယ်” လို့မှာတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ