-
ဆာလံ ၇၁:၁၇၊ ၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ အို ဘုရားသခင်၊ ကိုယ်တော်က ကျွန်တော့်ကို ငယ်ငယ်ကတည်းက သွန်သင်ပေးတယ်။+
အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း အခုထိ ကျွန်တော် ပြောနေတုန်းပါပဲ။+
၁၈ အို ဘုရားသခင်၊ ကျွန်တော် အိုမင်းပြီး ဆံပင်ဖြူသွားချိန်မှာ မစွန့်ပစ်လိုက်ပါနဲ့။+
နောက်မျိုးဆက်တွေကို ကိုယ်တော့်တန်ခိုးအကြောင်း၊
နောင်လာနောက်သားတွေကို ကိုယ်တော်ရဲ့ အစွမ်းခွန်အားအကြောင်း ပြောပြချင်ပါတယ်။+
-
-
ဆာလံ ၁၀၂:၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ ဒါကို အနာဂတ်မျိုးဆက်အတွက် ရေးမှတ်ထားတယ်။+
ဒါမှ မွေးဖွားလာမယ့်သူတွေ ယေဟောဝါကို ချီးမွမ်းကြလိမ့်မယ်။
-