-
၂ ရာဇဝင်ချုပ် ၁၃:၈၊ ၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ “အခု ခင်ဗျားတို့ အင်အားတောင့်တင်းတဲ့အပြင် ဘုရားအဖြစ် ကိုးကွယ်ဖို့ ယေရောဗောင် လုပ်ပေးထားတဲ့ ရွှေနွားငယ်ရုပ်တွေလည်း ရှိတယ်ဆိုတော့ ဒါဝိဒ်ရဲ့ သားမြေးတွေလက်ထဲက ယေဟောဝါရဲ့နိုင်ငံကို နှိမ်နင်းနိုင်မယ်လို့ ထင်နေကြတယ်။+ ၉ ခင်ဗျားတို့က ယေဟောဝါဘုရားရဲ့ ပုရောဟိတ်တွေဖြစ်တဲ့ အာရုန်ရဲ့သားမြေးတွေ၊ လေဝိအမျိုးသားတွေကို နှင်ထုတ်ပြီး+ တိုင်းတစ်ပါးသားတွေ လုပ်သလို ကိုယ်ပိုင်ပုရောဟိတ်တွေ ခန့်ထားတယ် မဟုတ်လား။+ နွားထီးပျိုတစ်ကောင်နဲ့ သိုးထီးခုနစ်ကောင် ယူလာရင် ဘယ်သူမဆို ဘုရားမဟုတ်တဲ့ ရုပ်တုတွေရဲ့ ပုရောဟိတ် ဖြစ်တော့တာပဲ။
-