-
ယေရမိ ၇:၂၃၊ ၂၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၃ အဲဒီအစား “ငါ့စကားကို နာခံပါ။ ဒါဆိုရင် ငါဟာ မင်းတို့ရဲ့ ဘုရားသခင် ဖြစ်လာပြီး မင်းတို့လည်း ငါ့လူတွေ ဖြစ်လာမယ်။+ ငါမိန့်မှာတဲ့ လမ်းစဉ်အတိုင်းသာ လိုက်လျှောက်ပါ။ ဒါဆိုရင် ကောင်းစားလိမ့်မယ်”’+ လို့ မိန့်မှာခဲ့တယ်။ ၂၄ ဒါပေမဲ့ သူတို့ နားမထောင်ဘူး။ နားမစွင့်ဘူး။+ ကိုယ့်အကြံအစည်တွေအတိုင်း လိုက်လျှောက်ကြတယ်။ ဆိုးညစ်တဲ့စိတ်အလိုနောက် ခေါင်းမာမာနဲ့ လိုက်ကြတယ်။+ ရှေ့မတိုးဘဲ နောက်ဆုတ်ကြတယ်။
-
-
ယေရမိ ၁၁:၇၊ ၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ ငါက မင်းတို့ရဲ့ဘိုးဘေးတွေကို အီဂျစ်ပြည်ကနေ ခေါ်ထုတ်လာတဲ့နေ့ကစပြီး ဒီနေ့အထိ အလေးအနက် တိုက်တွန်းခဲ့တယ်။ “ငါ့စကားကို နာခံကြ” ဆိုပြီး အကြိမ်ကြိမ် ပြောခဲ့တယ်။+ ၈ ဒါပေမဲ့ သူတို့ နားမထောင်ဘူး။ နားမစွင့်ဘူး။ အဲဒီအစား ဆိုးညစ်တဲ့ စိတ်အလိုနောက်ကို ခေါင်းမာမာနဲ့ လိုက်မြဲလိုက်နေတယ်။+ ဒါကြောင့် ငါမိန့်မှာခဲ့ပေမဲ့ သူတို့မလိုက်နာတဲ့ ဒီပဋိညာဉ်ထဲက ကျိန်စာအားလုံးကို သူတို့အပေါ် ငါကျရောက်စေခဲ့တယ်။’”
-