ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဆာလံ ၅၃:ထိပ်စီးစာသား-၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ဂီတမှူးသို့။ မဟာလတ်* တေးအမျိုးအစားအတိုင်း သီဆိုရန်။ မက်စကီး။* ဒါဝိဒ်စပ်ဆိုတဲ့ သီချင်း။

      ၅၃ မိုက်မဲသူတွေက “ယေဟောဝါ မရှိဘူး” လို့ စိတ်ထဲမှာ ပြောတတ်တယ်။+

      သူတို့ရဲ့အကျင့်တွေဟာ မဖြောင့်မတ်ဘဲ ယိုယွင်းနေတယ်။ ရွံစရာကောင်းတယ်။

      မှန်ရာလုပ်တဲ့သူ တစ်ယောက်မှ မရှိဘူး။+

       ၂ ဘုရားသခင်ကတော့ လူသားတွေထဲမှာ ထိုးထွင်းဉာဏ်ရှိသူ၊

      ယေဟောဝါကို ရှာတဲ့သူ ရှိလေမလားဆိုပြီး+ ကောင်းကင်ကနေ ငုံ့ကြည့်နေတယ်။+

       ၃ သူတို့အားလုံး လမ်းလွဲပြီး

      အကျင့်ယိုယွင်းနေတယ်။

      မှန်ရာလုပ်တဲ့သူ မရှိဘူး။

      တစ်ယောက်တလေတောင်

      မရှိဘူး။+

       ၄ အမှားလုပ်တဲ့သူတွေ တစ်ယောက်မှ နားမလည်ကြဘူး။

      ငါ့လူတွေကို အစားအစာလို ဝါးမျိုပစ်တယ်။

      ယေဟောဝါဆီ ဆုမတောင်းကြဘူး။+

       ၅ ဒါပေမဲ့ မင်းကို တိုက်ခိုက်သူတွေရဲ့ အရိုးတွေကို ဘုရားသခင် ပြန့်ကျဲစေမှာဖြစ်လို့

      တစ်ခါမှမကြုံဖူးတဲ့ ကြောက်လန့်ခြင်းမျိုးနဲ့*

      သူတို့ အကြီးအကျယ် ကြောက်လန့်ရလိမ့်မယ်။

      ယေဟောဝါ ငြင်းပယ်လိုက်တဲ့ သူတို့ကို မင်းအရှက်ခွဲရလိမ့်မယ်။

       ၆ ဇိအုန်ကနေ အစ္စရေးရဲ့ကယ်တင်ခြင်း ပေါ်ထွက်လာပါစေ။+

      ယေဟောဝါက လူမျိုးတော်ကို သုံ့ပန်းဘဝကနေ ပြန်စုသိမ်းတဲ့အခါ

      ယာကုပ် ရွှင်လန်းပါစေ။ အစ္စရေး ဝမ်းမြောက်ပါစေ။

  • ရောမ ၃:၁၀-၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၀ “ဖြောင့်မတ်သူ မရှိဘူး။ တစ်ယောက်တလေတောင် မရှိဘူး။+ ၁၁ ထိုးထွင်းဉာဏ်ရှိသူ၊ ဘုရားသခင်ကိုရှာတဲ့သူ တစ်ယောက်မှ မရှိဘူး။ ၁၂ လူအားလုံး လမ်းလွဲကုန်ပြီ။ အသုံးမကျသူတွေချည်းပဲ။ ကောင်းမှုပြုတဲ့သူ မရှိဘူး။ တစ်ယောက်တလေတောင် မရှိဘူး။”+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ