-
ဆာလံ ၅၂:၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ငါကတော့ ဘုရားသခင်ရဲ့ အိမ်တော်ထဲက စိမ်းလန်းနေတဲ့ သံလွင်ပင်လို ဖြစ်လိမ့်မယ်။
ဘုရားသခင်ရဲ့ ခိုင်မြဲတဲ့မေတ္တာကိုပဲ အစဉ်ထာဝရ ငါကိုးစားတယ်။+
-
-
ဟေရှာယ ၆၁:၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ ဇိအုန်အတွက် ဝမ်းနည်းပူဆွေးသူတွေကို ပြာတွေအစား ခေါင်းပေါင်းကို ပေးဖို့၊
ဝမ်းနည်းပူဆွေးခြင်းအစား အားရရွှင်လန်းခြင်းဆီကို ပေးဖို့၊
စိတ်ပျက်အားငယ်ခြင်းအစား ချီးမွမ်းခြင်းဝတ်ရုံကို ပေးဖို့ ငါ့ကိုစေလွှတ်တယ်။
သူတို့ဟာ ဘုရားကို ဂုဏ်တင်ချီးမွမ်းတဲ့ ဖြောင့်မတ်ခြင်းသစ်ပင်ကြီးတွေ၊
ယေဟောဝါစိုက်ပျိုးတဲ့ အပင်တွေလို့ အခေါ်ခံရလိမ့်မယ်။+
-