ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယောရှု ၉:၁၈-၂၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၈ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး ခေါင်းဆောင်တွေ သစ္စာဆိုထားတဲ့အတွက်+ အစ္စရေးတွေက သူတို့ကို မတိုက်ကြဘူး။ ဒါပေမဲ့ ခေါင်းဆောင်တွေကို ပြစ်တင်ညည်းညူလာကြတယ်။ ၁၉ ခေါင်းဆောင်တွေကလည်း “အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါကို တိုင်တည်ပြီး သစ္စာဆိုထားတဲ့အတွက် သူတို့ဒုက္ခရောက်အောင် လုပ်လို့ မဖြစ်ဘူး။ ၂၀ သစ္စာဆိုထားပြီးပြီဆိုတော့ သူတို့ကို အသက်ချမ်းသာပေးမှ ဖြစ်မယ်။ အဲဒီလိုမလုပ်ရင် ကျွန်တော်တို့ကို ဘုရားသခင် အမျက်ထွက်မယ်။+

  • တရားသူကြီး ၁၁:၃၄၊ ၃၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၄ နောက်ဆုံးမှာ မိဇပါမြို့မှာရှိတဲ့အိမ်ကို+ ယေဖသပြန်လာတဲ့အခါ ချူတပ်ဗုံကိုတီးပြီး ကခုန်ရင်း ထွက်ကြိုသူဟာ သူ့သမီးဖြစ်နေတယ်။ ယေဖသမှာ သားသမီးဆိုလို့ ဒီတစ်ယောက်တည်း ရှိတာ။ ၃၅ သမီးကိုမြင်တော့ ယေဖသခမျာ အဝတ်ကိုဆွဲဆုတ်ပြီး “အို သမီးရယ်။ အဖေတော့ ရင်ကွဲရပါပြီ။ သမီးလေးကို အဝေးဆီ ပို့လိုက်ရတော့မှာပါလား။ ယေဟောဝါဘုရားကို အဖေ ကတိပေးထားပြီးပြီ။ ပြန်ရုပ်သိမ်းလို့ မရတော့ဘူး”+ ဆိုပြီးပြောတယ်။

  • ဆာလံ ၅၀:၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ ကျေးဇူးတင် ချီးမွမ်းခြင်းကိုသာ ဘုရားသခင်ဆီ ပူဇော်ပါ။+

      အမြင့်ဆုံးအရှင်ဆီမှာ သစ္စာကတိပြုထားတဲ့အတိုင်း လုပ်ဆောင်ပါ။+

  • မဿဲ ၅:၃၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၃ “‘ကိုယ်မလုပ်နိုင်တဲ့  ကိစ္စအတွက် မကျိန်ဆိုနဲ့။+ ယေဟောဝါကို* သစ္စာကတိပြုပြီးရင် အဲဒီအတိုင်း လုပ်ရမယ်’+ ဆိုတဲ့ ရှေးလူကြီးတွေရဲ့ စကားကိုလည်း ခင်ဗျားတို့ ကြားဖူးပါတယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ