၂၉ ဘုရားသခင်က “မြေတစ်ပြင်လုံးမှာရှိတဲ့ မျိုးစေ့ပါတဲ့ အပင်တွေ၊ မျိုးစေ့ပါတဲ့ သီးပင်တွေကို ငါပေးတယ်။ ဒါတွေဟာ မင်းတို့စားဖို့ပဲ။+ ၃၀ သားရဲတွေ၊ မိုးကောင်းကင်မှာပျံတဲ့ ငှက်တွေ၊ မြေပေါ်မှာသွားလာတဲ့ သက်ရှိသတ္တဝါတွေ စားဖို့ စိမ်းလန်းတဲ့ အပင်အားလုံးကိုလည်း ငါပေးပြီ” လို့ပြောတယ်။+ အဲဒီအတိုင်း ဖြစ်လာတယ်။