-
ကမ္ဘာဦး ၄၁:၃၉-၄၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၉ ယောသပ်ကိုလည်း “ဘုရားသခင်က မင်းကို ဒီကိစ္စတွေအားလုံး အသိပေးပြီဆိုမှတော့ မင်းလောက် သတိပညာရှိသူ၊ အမြော်အမြင်ကြီးသူ မရှိနိုင်ဘူး။ ၄၀ ဒီတော့ မင်းက နန်းတော်အုပ် လုပ်ပါ။ ငါ့လူတွေအားလုံး မင်းကို အကြွင်းမဲ့နာခံရမယ်။+ ဘုရင်ဖြစ်တဲ့ ငါကိုယ်တော်မြတ်သာ မင်းထက် ကြီးမြတ်သူဖြစ်မယ်” လို့ပြောတယ်။ ၄၁ ပြီးတော့ “အီဂျစ်တစ်ပြည်လုံးကို အုပ်ချုပ်ဖို့ မင်းကို ငါခန့်အပ်လိုက်ပြီ” လို့ယောသပ်ကို ဆက်ပြောတယ်။+
-
-
ကမ္ဘာဦး ၄၁:၄၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄၈ ခုနစ်နှစ်အတွင်း ထွက်သမျှရိက္ခာတွေကို စုဆောင်းပြီး မြို့တွေမှာ သိုလှောင်တယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ လယ်တွေကနေရတဲ့ ရိက္ခာတွေကို မြို့တိုင်းမှာ သိုလှောင်တယ်။
-
-
ကမ္ဘာဦး ၄၅:၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ဒီတော့ ကျွန်တော့်ကို ဒီပြည်လွှတ်လိုက်တာ အစ်ကိုတို့ မဟုတ်ပါဘူး။ စစ်မှန်တဲ့ဘုရားသခင်ပါ။ ကျွန်တော့်ကို ဖာရောမင်းရဲ့ အကြံပေးအရာရှိ၊ နန်းတွင်းသားတွေရဲ့သခင်၊ အီဂျစ်တစ်ပြည်လုံးကို အုပ်ချုပ်သူအဖြစ် ခန့်အပ်ချင်လို့ပါ။+
-