-
ထွက်မြောက်ရာ ၁၀:၁၃-၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ မောရှေလည်း ချက်ချင်းပဲ အီဂျစ်ပြည်အပေါ် တောင်ဝှေးကို ဆန့်လိုက်တယ်။ ယေဟောဝါက အရှေ့လေကို အီဂျစ်ပြည်မှာ တစ်နေ့လုံး၊ တစ်ညလုံး တိုက်စေတယ်။ မနက်ကျတော့ ကျိုင်းကောင်တွေက အရှေ့လေနဲ့အတူ ရောက်လာပြီး၊ ၁၄ အီဂျစ်တစ်ပြည်လုံး ဖုံးလွှမ်းသွားတော့တယ်။+ ကျိုင်းကောင်ကပ်ဘေးဟာ ပြင်းထန်လွန်းတယ်။+ ဒီလောက်များတဲ့ ကျိုင်းကောင်တွေ အရင်တုန်းကမရှိခဲ့သလို နောင်လည်း ရှိမှာမဟုတ်ဘူး။ ၁၅ ကျိုင်းကောင်တွေ များလွန်းလို့ တစ်ပြည်လုံး မည်းနေတာပဲ။ မိုးသီးဒဏ်ကလွတ်လို့ ကျန်ခဲ့သမျှ သီးပင်စားပင်တွေကို စားပစ်ကြတယ်။ အီဂျစ်တစ်ပြည်လုံးမှာ အရွက်စိမ်းတွေ လုံးဝမကျန်တော့ဘူး။
-