-
တရားသူကြီး ၁၀:၆-၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ အစ္စရေးတွေက ယေဟောဝါရှေ့မှာ မကောင်းတာတွေကို လုပ်ကြပြန်တယ်။+ ဗာလဘုရားတွေ၊+ အာရှတရက်ရုပ်တုတွေ၊ အာရံ၊* ဆိုင်ဒုန်၊ မောဘ၊+ အမ္မုန်နဲ့+ ဖိလိတိလူမျိုးတွေရဲ့ ဘုရားတွေကို+ ဝတ်ပြုလာကြတယ်။ ယေဟောဝါကို ဝတ်မပြုတော့ဘဲ စွန့်သွားကြတယ်။ ၇ အဲဒီအခါ အစ္စရေးတွေကို ယေဟောဝါ အမျက်ထွက်ပြီး ဖိလိတိနဲ့ အမ္မုန်လူတွေလက်ထဲ ရောင်းလိုက်တယ်။+ ၈ ဒါကြောင့် အဲဒီနှစ်မှာ အစ္စရေးတွေကို သူတို့ အကြီးအကျယ် ဖိနှိပ်ညှဉ်းဆဲကြတယ်။ အာမောရိလူမျိုးရဲ့ နယ်မြေဖြစ်ခဲ့ဖူးတဲ့ ဂျော်ဒန်မြစ်အရှေ့ဘက် ဂိလဒ်ပြည်မှာ ၁၈ နှစ်လုံး ဖိနှိပ်ကြတယ်။
-