-
တရားဟောရာ ၇:၁၃၊ ၁၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ ဘုရားသခင်က ခင်ဗျားတို့ကို ချစ်ပြီး ကောင်းချီးပေးမယ်၊ တိုးပွားစေမယ်။ သားသမီးတွေ အများကြီး ရစေမယ်။+ ခင်ဗျားတို့ကို ပေးမယ်ဆိုပြီး ဘိုးဘေးတွေကို ကျိန်ဆိုခဲ့တဲ့ပြည်မှာ+ မြေထွက်သီးနှံ၊ ကောက်နှံ၊ စပျစ်ဝိုင်အသစ်၊ ဆီတွေ အထွက်တိုးစေမယ်။+ သိုးနွားတိရစ္ဆာန်တွေ တိုးပွားစေမယ်။ ၁၄ ခင်ဗျားတို့ဟာ လူမျိုးအားလုံးထဲမှာ ကောင်းချီးအရဆုံးလူတွေ ဖြစ်လာမယ်။+ ခင်ဗျားတို့ဆီမှာ သားသမီး မထွန်းကားတဲ့ ယောက်ျားမိန်းမ၊ သားမပေါက်တဲ့ တိရစ္ဆာန်တွေ မရှိစေရဘူး။+
-