-
ဆာလံ ၅၇:၇-၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ အို ဘုရားသခင်၊ ကျွန်တော့်စိတ်ဟာ တည်ကြည်ခိုင်မြဲပါတယ်။+
တည်ကြည်ခိုင်မြဲပါတယ်။
တေးဖွဲ့ပြီး သီချင်းဆိုပါ့မယ်။
၈ ငါ့ဂုဏ်ကျက်သရေ၊ နိုးထပါ။
ကြိုးတပ်တူရိယာနဲ့ စောင်းတို့၊ နိုးထကြ။
အရုဏ်ဦးကိုလည်း နှိုးရဦးမယ်။+
၉ ယေဟောဝါဘုရား၊ ကိုယ်တော့်ကို လူတွေအလယ်မှာ ချီးမွမ်းပါ့မယ်။+
လူမျိုးတွေအလယ်မှာ ချီးမွမ်းသီချင်းဆိုပါ့မယ်။+
၁၀ ခိုင်မြဲတဲ့မေတ္တာတော်ဟာ ကောင်းကင်တိုင်အောင် ကြီးမားလို့ပါ။+
သစ္စာတရားဟာ မိုးယံတိုင်အောင် ကြီးမားလို့ပါ။
၁၁ အို ဘုရားသခင်၊ ကောင်းကင်အထက်မှာ ကိုယ်ကိုချီးမြှောက်တော်မူပါ။
မြေတစ်ခွင်လုံးမှာ ဘုန်းတန်ခိုးတော် ပျံ့နှံ့ပါစေ။+
-