-
လုကာ ၂၀:၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ ယေရှုက သူတို့ကို တည့်တည့်ကြည့်ပြီး “‘တိုက်ကိုတည်ဆောက်သူတွေ ပယ်ထားတဲ့ ကျောက်ဟာ ထိပ်ဆုံးက ထောင့်ချုပ်ကျောက် ဖြစ်လာတယ်’+ ဆိုတဲ့ ကျမ်းစကားဟာ ဘာကိုဆိုလိုတာလဲ။
-
-
တမန်တော် ၄:၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ ‘တိုက်ကို တည်ဆောက်တဲ့ ခင်ဗျားတို့ အရေးမလုပ်ပေမဲ့ ထိပ်ဆုံးက ထောင့်ချုပ်ကျောက်’ ဖြစ်လာတာ သူပဲ။+
-
-
၁ ကောရိန္သု ၃:၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ ယေရှုခရစ်ဆိုတဲ့ ချထားတဲ့ အုတ်မြစ်ကလွဲလို့ တခြားအုတ်မြစ်ကို ဘယ်သူမှ မချနိုင်ဘူး။+
-
-
၁ ပေတရု ၂:၄-၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၄ လူတွေပယ်ထားပေမယ့်+ ဘုရားသခင်အတွက် တန်ဖိုးကြီးလို့ ရွေးချယ်ခံခဲ့ရတဲ့ အသက်ကျောက်ဖြစ်တဲ့+ သခင်ဆီ ခင်ဗျားတို့ရောက်လာကြပြီ။ ၅ အသက်ကျောက်တွေဖြစ်တဲ့ ခင်ဗျားတို့ဟာ ဘုရားသခင့် စွမ်းအားတော်နဲ့ တည်ဆောက်တဲ့ အိမ်တော်ပဲ။+ ဒါကြောင့် သန့်ရှင်းတဲ့ ပုရောဟိတ်အဖွဲ့ဖြစ်လာပြီး ဘုရားသခင်နှစ်သက်တဲ့ ပူဇော်သက္ကာတွေကို စွမ်းအားတော် လမ်းညွှန်မှုနဲ့အညီ ယေရှုခရစ်ကတစ်ဆင့် ဆက်သရလိမ့်မယ်။+ ၆ “ရွေးချယ်ခံရတဲ့ကျောက်၊ အဖိုးတန် ထောင့်ချုပ်အုတ်မြစ်ကျောက်ကို ဇိအုန်မှာ ငါချထားတယ်။ အဲဒီကျောက်ကို ယုံကြည်သက်ဝင်သူဟာ စိတ်ပျက်ရမှာမဟုတ်ဘူး”+ လို့ ကျမ်းစာမှာ ရေးထားတယ်။
၇ ယုံကြည်သူ ခင်ဗျားတို့အတွက် သူဟာ တန်ဖိုးကြီးလှပေမဲ့ မယုံကြည်သူတွေအတွက်တော့ “တိုက်ကို တည်ဆောက်သူတွေ ပယ်ထားတဲ့ ကျောက်ပဲ။+ ဒီကျောက်ဟာ ထိပ်ဆုံးက ထောင့်ချုပ်ကျောက်ဖြစ်လာပြီ။”+
-