ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ရှမွေလ ၂၄:၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၁ ခမည်းတော် အရှင်မင်းကြီး၊ ကျွန်တော့်လက်ထဲက လက်ပြတ်ဝတ်ရုံ အနားစွန်းကို ကြည့်ပါဦး။ ဒါကိုဖြတ်ယူတုန်းက မင်းကြီးကို သတ်နိုင်ပေမဲ့ မသတ်ခဲ့ပါဘူး။ မင်းကြီးက ကျွန်တော့်အသက်ကိုသတ်ဖို့ လိုက်နေပေမဲ့+ ကျွန်တော်ကတော့ မင်းကြီးကို အန္တရာယ်ပြုဖို့၊ ပုန်ကန်ဖို့ မကြံစည်ဘူး၊ မင်းကြီးကို မပြစ်မှားဘူးဆိုတာ+ အခု သဘောပေါက်သင့်ပါပြီ။

  • ၂ ရှမွေလ ၂၂:၂၁-၂၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၁ ယေဟောဝါက ငါဖြောင့်မတ်တဲ့အတိုင်း ဆုချတယ်။+

      ငါ့လက်တွေ အပြစ်ကင်းတဲ့အတိုင်း ပြန်ဆပ်ပေးတယ်။+

      ၂၂ ယေဟောဝါရဲ့ လမ်းစဉ်တွေအတိုင်း ငါအမြဲလိုက်လျှောက်တယ်။

      ဘုရားသခင်ကို ကျောခိုင်းတာဟာ ဆိုးညစ်တဲ့လုပ်ရပ် ဖြစ်လို့ ငါမလုပ်ဘူး။

      ၂၃ ဘုရားရဲ့ တရားစီရင်ချက်တွေအကြောင်း+ ငါအမြဲစဉ်းစားတယ်။

      ဘုရားရဲ့ ဥပဒေတွေကနေ ငါလမ်းလွဲသွားမှာ မဟုတ်ဘူး။+

      ၂၄ ရှေ့တော်မှာ အပြစ်ပြောစရာမရှိအောင် ငါနေမယ်။+

      မပြစ်မှားမိအောင် စောင့်ထိန်းမယ်။+

      ၂၅ ယေဟောဝါက ငါဖြောင့်မတ်တဲ့အတိုင်း၊+

      ရှေ့တော်မှာ ငါအပြစ်ကင်းတဲ့အတိုင်း ပြန်ဆပ်ပေးပါစေ။+

  • ဆာလံ ၂၄:၃၊ ၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၃ ယေဟောဝါရဲ့ တောင်ပေါ်ကို ဘယ်သူ တက်ခွင့်ရှိသလဲ။+

      သန့်ရှင်းရာဌာနမှာ ဘယ်သူ ရပ်နေခွင့်ရှိသလဲ။

       ၄ အပြစ်ကင်းတဲ့လက်နဲ့ ဖြူစင်တဲ့စိတ်နှလုံး ရှိသူ၊+

      ဘုရားရဲ့အသက်ကို တိုင်တည်ပြီး မဟုတ်မမှန် မကျိန်ဆိုတဲ့သူ၊

      အလိမ်အညာစကားတွေနဲ့ မကျိန်ဆိုတဲ့သူပဲပေါ့။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ