ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တရားဟောရာ ၃၂:၃၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၁ သူတို့ရဲ့ကျောက်ဆောင်ဟာ

      ငါတို့ရဲ့ကျောက်ဆောင်ကြီးနဲ့ မတူမှန်း ရန်သူတွေ သိထားကြတယ်။+

  • ၁ ရှမွေလ ၂:၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၂ ယေဟောဝါလို သန့်ရှင်းမြင့်မြတ်တဲ့ဘုရား မရှိပါဘူး။

      ကိုယ်တော်ကလွဲလို့ တခြားဘုရား မရှိပါဘူး။+

      ဒို့ရဲ့ဘုရားသခင်လို ခိုင်မြဲတဲ့ကျောက်ဆောင်မျိုး မရှိပါဘူး။+

  • ၂ ရှမွေလ ၂၂:၃၂-၄၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၂ ယေဟောဝါကလွဲလို့ ဘယ်ဘုရား ရှိသလဲ။+

      ငါတို့ဘုရားသခင်ကလွဲလို့ ဘယ်သူက ကျောက်ဆောင်ဖြစ်သလဲ။+

      ၃၃ စစ်မှန်တဲ့ဘုရားသခင်ဟာ ငါ့ရဲ့ခိုင်ခံ့တဲ့ရဲတိုက်ပဲ။+

      ငါ့လမ်းခရီးကို ချောမွေ့စေတယ်။+

      ၃၄ ငါ့ခြေကို သမင်ရဲ့ခြေလို ဖြစ်စေတယ်။

      မြင့်မားတဲ့နေရာတွေမှာ ရပ်စေတယ်။+

      ၃၅ ငါ့လက်တွေကို စစ်ရေးကျွမ်းကျင်အောင် လေ့ကျင့်ပေးတယ်။

      ကြေးနီလေးကို ငါ့လက်ရုံးအားနဲ့ တင်နိုင်တယ်။

      ၃၆ ကျွန်တော့်ကို ကယ်တင်ခြင်းဒိုင်းလွှား ပေးတယ်။

      ကိုယ်တော့်နှိမ့်ချမှုကြောင့် ကျွန်တော် ကြီးမြတ်လာတယ်။+

      ၃၇ ကျွန်တော်ခြေချမယ့်လမ်းကို ကိုယ်တော် ကျယ်ဝန်းစေတယ်။

      ကျွန်တော် ခြေချော်မှာ မဟုတ်ဘူး။+

      ၃၈ ရန်သူတွေကို လိုက်ဖမ်းပြီး ချေမှုန်းမယ်။

      သုတ်သင်ဖယ်ရှားလို့ မပြီးမချင်း ပြန်မလာဘူး။

      ၃၉ သူတို့ ပြန်မထနိုင်အောင် နင်းခြေပြီး သုတ်သင်မယ်။+

      ကျွန်တော့်ခြေရင်းမှာ ပြိုလဲသွားလိမ့်မယ်။

      ၄၀ ကျွန်တော် စစ်တိုက်နိုင်အောင် ကိုယ်တော် အစွမ်းခွန်အား ပေးလိမ့်မယ်။+

      ရန်သူတွေကို ခြေအောက်မှာ ပြိုလဲစေမယ်။+

      ၄၁ ရန်သူတွေကို နောက်လှည့်ပြေးစေမယ်။+

      ကျွန်တော့်ကို မုန်းတဲ့သူတွေ ဇာတ်သိမ်းသွားအောင် ကျွန်တော်လုပ်မယ်။+

      ၄၂ သူတို့ အော်ဟစ်အကူအညီတောင်းပေမဲ့ ကယ်တင်မယ့်သူ တစ်ယောက်မှ မရှိဘူး။

      သူတို့ အော်ခေါ်ရင်တောင် ယေဟောဝါ ပြန်မထူးဘူး။+

      ၄၃ သူတို့ကို ဖုန်မှုန့်လို ဖြစ်သွားအောင် ကျွန်တော် ထုထောင်းပစ်မယ်။

      လမ်းပေါ်က ရွှံ့တွေကို နင်းသလို နင်းခြေမယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ