-
ထွက်မြောက်ရာ ၇:၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ မောရှေနဲ့ အာရုန်လည်း ယေဟောဝါ မိန့်မှာတဲ့အတိုင်း ချက်ချင်းလုပ်ကြတယ်။ ဖာရောနဲ့ မင်းမှုထမ်းတွေရှေ့မှာ နိုင်းမြစ်ရေကို တောင်ဝှေးနဲ့ ရိုက်လိုက်တဲ့အခါ မြစ်ရေဟာ သွေးဖြစ်သွားတယ်။+
-
-
ထွက်မြောက်ရာ ၈:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ အာရုန်လည်း အီဂျစ်ပြည်ရဲ့ ရေတွေပေါ် လက်ကိုဆန့်လိုက်တော့ ဖားတွေတက်လာပြီး တစ်ပြည်လုံး ပြည့်သွားတယ်။
-
-
ထွက်မြောက်ရာ ၈:၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၇ အဲဒီအတိုင်း သူတို့လုပ်တယ်။ အာရုန်က မြေမှုန့်ကို တောင်ဝှေးနဲ့ ရိုက်လိုက်တဲ့အခါ အီဂျစ်တစ်ပြည်လုံးမှာရှိတဲ့ မြေမှုန့်က ဖြုတ်တွေ ဖြစ်လာပြီး လူနဲ့တိရစ္ဆာန်ကို ကိုက်တော့တယ်။+
-
-
ထွက်မြောက်ရာ ၉:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ နောက်တစ်နေ့မှာ အဲဒီကပ်ဘေးကို ယေဟောဝါ ကျရောက်စေတဲ့အတွက် အီဂျစ်တွေရဲ့ တိရစ္ဆာန်အားလုံး သေကုန်တယ်။+ အစ္စရေးတွေရဲ့ တိရစ္ဆာန်ကတော့ တစ်ကောင်မှ မသေဘူး။
-
-
ထွက်မြောက်ရာ ၉:၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ သူတို့လည်း မီးဖိုထဲကပြာကို ယူ၊ ဖာရောရှေ့ရပ်ပြီး မောရှေက လေထဲကြဲလိုက်တယ်။ လူနဲ့တိရစ္ဆာန်တွေမှာ အနာစိမ်းပေါက်လာတယ်။
-
-
ထွက်မြောက်ရာ ၉:၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၃ မောရှေလည်း တောင်ဝှေးကို မိုးပေါ်ဆန့်လိုက်တဲ့အခါ ယေဟောဝါက မိုးကြိုးနဲ့ မိုးသီးတွေ လွှတ်လိုက်တယ်။ မီးတွေလည်း ကျလာတယ်။* ယေဟောဝါက အီဂျစ်ပြည်ပေါ် မိုးသီး ဆက်တိုက် ရွာကျစေတယ်။
-
-
ထွက်မြောက်ရာ ၁၀:၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ ယေဟောဝါက မောရှေကို “အီဂျစ်ပြည်အပေါ် လက်ကိုဆန့်လိုက်ပါ။ ကျိုင်းကောင်တွေ ရောက်လာပြီး မိုးသီးဒဏ်ကလွတ်လို့ ကျန်ခဲ့သမျှ အပင်အားလုံးကို စားပစ်လိမ့်မယ်” လို့ပြောတယ်။
-
-
ထွက်မြောက်ရာ ၁၀:၂၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ ယေဟောဝါက မောရှေကို “မိုးပေါ် လက်ဆန့်လိုက်ပါ။ အီဂျစ်ပြည်မှာ အမှောင်ထုကြီး ကျရောက်လာမယ်” လို့ပြောတယ်။
-