ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေရမိ ၄၉:၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၇ ဧဒုံနဲ့ပတ်သက်ပြီး ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတာက–

      “တေမန်မြို့မှာ ဉာဏ်ပညာ ကုန်ခန်းသွားပြီလား။+

      သိနားလည်နိုင်စွမ်းရှိသူတွေမှာ အကြံဉာဏ်ကောင်းတွေ မရှိတော့ဘူးလား။

      သူတို့ရဲ့ဉာဏ်ပညာ ပုပ်သိုးသွားပြီလား။

  • မြည်တမ်းစကား ၄:၂၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ အို ဇိအုန်သမီးပျို၊ မင်း ခံရမယ့်အပြစ်ဒဏ် ပြီးဆုံးပြီ။

      ဘုရားက မင်းကို ပြည်နှင်ခံဘဝ ပြန်ရောက်စေတော့မှာ မဟုတ်ဘူး။+

      အို ဧဒုံသမီးပျို၊ မင်းအပြစ်တွေကို ဘုရား အာရုံစိုက်လိမ့်မယ်။

      ဖော်ထုတ်လိမ့်မယ်။+

  • ယေဇကျေလ ၂၅:၁၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ “အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက ‘ယုဒအမျိုးကို ဧဒုံလူမျိုး လက်စားချေခဲ့တယ်။ အဲဒီလို လက်စားချေတဲ့အတွက် သူ့မှာ ကြီးလေးတဲ့အပြစ် ရှိတယ်။+

  • ဩဗဒိ ၁၀-၁၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၀ မင်းက ညီယာကုပ်ကို အကြမ်းဖက်တဲ့အတွက်+

      အကြီးအကျယ် အရှက်ကွဲရလိမ့်မယ်။+

      ထာဝစဉ် ပျက်စီးသွားမယ်။+

      ၁၁ ယာကုပ်ရဲ့ စစ်တပ်ကို သူစိမ်းတွေ ဖမ်းခေါ်သွားတဲ့နေ့၊+

      ဂျေရုဆလင်မြို့တံခါးထဲ တိုင်းတစ်ပါးသားတွေ ဝင်လာပြီး မြို့ကို မဲချတဲ့နေ့မှာ+

      မင်းက ဘေးကနေ ဒီအတိုင်း ရပ်ကြည့်နေခဲ့တယ်။

      ရန်သူတွေနဲ့ အလိုတူအလိုပါ ဖြစ်ခဲ့တယ်။

      ၁၂ မင်းဟာ ညီဖြစ်သူ အဖြစ်ဆိုးကြုံရချိန်မှာ ဝမ်းသာအားရ မဖြစ်သင့်ဘူး။+

      ယုဒလူတွေ ပျက်စီးသွားတဲ့နေ့မှာ ဝမ်းမသာသင့်ဘူး။+

      သူတို့ ဒုက္ခရောက်တဲ့နေ့မှာ မောက်မောက်မာမာ မပြောသင့်ဘူး။

      ၁၃ ငါ့လူတွေ ဒုက္ခရောက်တဲ့နေ့မှာ သူတို့ရဲ့မြို့တံခါးထဲ မင်း မဝင်သင့်ဘူး။+

      ဒုက္ခရောက်တဲ့နေ့မှာ သူကြုံရတဲ့ဘေးဆိုးကြောင့် ဝမ်းသာအားရ မဖြစ်သင့်ဘူး။

      သူဒုက္ခရောက်တဲ့နေ့မှာ သူ့စည်းစိမ်ဥစ္စာတွေကို မသိမ်းယူသင့်ဘူး။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ