-
ယောဘ ၉:၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ “ခင်ဗျားတို့ပြောတာ မှန်တယ်ဆိုတာ ကျုပ်သိပါတယ်။
ဒါပေမဲ့ ဘုရားနဲ့သာ အမှုဖြစ်ရင် သေမျိုးဖြစ်တဲ့လူက ဘယ်လိုလုပ်ပြီး မှန်နိုင်မှာလဲ။+
-
-
ဆာလံ ၁၃၀:၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ အို ယေဟောဝါ၊ ယေဟောဝါ၊ ကိုယ်တော်သာ အမှားတွေကို စောင့်ကြည့်နေရင်
ဘယ်သူ ခံရပ်နိုင်မှာလဲ။+
-
-
ဒေသနာ ၇:၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ ကောင်းတာတွေ အမြဲလုပ်ပြီး အပြစ်မလုပ်ဖူးတဲ့ ဖြောင့်မတ်သူဆိုတာ ကမ္ဘာပေါ်မှာ မရှိဘူး။+
-
-
ဂလာတိ ၂:၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ ပညတ်စောင့်ထိန်းလို့ မဟုတ်ဘဲ ယေရှုခရစ်ကို ယုံကြည်လို့သာ+ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ်ဆိုတာ ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်။+ ဒါကြောင့် ခရစ်တော်ယေရှုကို ကျွန်တော်တို့ ယုံကြည်တယ်။ ပညတ်စောင့်ထိန်းလို့ မဟုတ်ဘဲ ခရစ်တော်ကို ယုံကြည်လို့ ဖြောင့်မတ်သူတွေအဖြစ် သတ်မှတ်ခံရတာပါ။ ပညတ်စောင့်ထိန်းရုံနဲ့ ဘယ်သူမှ ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရမှာ မဟုတ်ဘူး။+
-
-
၁ ယောဟန် ၁:၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ “ကျွန်တော်တို့ တစ်ခါမှ အပြစ်မလုပ်ခဲ့ဘူး” လို့ပြောမယ်ဆိုရင် ဘုရားသခင်ဟာ လိမ်ညာသူလို့ ပြောတာနဲ့ အတူတူပဲ။ ကျွန်တော်တို့ရင်ထဲမှာ တရားစကား မရှိဘူး။
-