၂၅ ရေလုံးကြီးစီးဆင်းရာ လမ်းကြောင်းကို ဘယ်သူ ဖောက်ပေးသလဲ။
မိုးသက်မုန်တိုင်းနဲ့ မိုးကြိုး အတွက် ဘယ်သူ လမ်းထွင်ပေးသလဲ။+
၂၆ လူမနေတဲ့ မြေပေါ်၊
လူသူမရှိတဲ့ ကန္တာရပေါ် ဘယ်သူ မိုးရွာစေသလဲ။+
၂၇ မြေရိုင်းတွေကို စိုစွတ်စေပြီး
မြက်နုလေးတွေ ပေါက်လာအောင် ဘယ်သူလုပ်တာလဲ။+