၂၈ လူမျိုးနွယ်တို့၊ ယေဟောဝါ ရထိုက်တာကို ပေးကြ။
ယေဟောဝါဟာ ဘုန်းအသရေနဲ့ အစွမ်းတန်ခိုးရှိတဲ့အတွက် ဘုရားရထိုက်တာကို ပေးကြ။+
၂၉ ယေဟောဝါရဲ့ ဘုန်းအသရေနဲ့ပြည့်စုံတဲ့ နာမည်ကို ဂုဏ်တင် ချီးမွမ်းကြ။+
လက်ဆောင်တွေယူပြီး ရှေ့တော်ကို လာကြ။+
သန့်ရှင်းတဲ့အဝတ် ဝတ်ပြီး ယေဟောဝါကို ဦးချကြ။+