-
ထွက်မြောက်ရာ ၁၄:၁၉၊ ၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ အဲဒီနောက် အစ္စရေးတွေရှေ့ကသွားနေတဲ့ စစ်မှန်တဲ့ဘုရားသခင်ရဲ့ ကောင်းကင်တမန်က+ အနောက်ဘက်ကို ရောက်သွားတယ်။ အရှေ့မှာရှိတဲ့ မိုးတိမ်တိုင်ကလည်း အနောက်ဘက်ကို ရွေ့သွားပြီး သူတို့နောက်မှာ ရပ်တန့်နေတယ်။+ ၂၀ မိုးတိမ်တိုင်က အီဂျစ်တပ်နဲ့ အစ္စရေးတွေကြား ရောက်သွားတယ်။+ မိုးတိမ်က အီဂျစ်ဘက်ခြမ်းကို မည်းမှောင်စေပြီး အစ္စရေးတွေဘက်ခြမ်းကိုတော့ အလင်းပေးတယ်။+ ဒါကြောင့် အီဂျစ်တွေက တစ်ညလုံး အစ္စရေးတွေအနား မကပ်နိုင်ကြဘူး။
-
-
ဟေရှာယ ၃၇:၃၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၆ အဲဒီနောက် ယေဟောဝါရဲ့ ကောင်းကင်တမန်တစ်ပါး ထွက်လာပြီး အဆီးရီးယားတပ်စခန်းမှာရှိတဲ့ စစ်သည် ၁၈၅,၀၀၀ ကို ကွပ်မျက်လိုက်တယ်။ မနက်စောစော လူတွေနိုးလာချိန်မှာ အလောင်းတွေကိုပဲ တွေ့ရတယ်။+
-