ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ရှမွေလ ၁၉:၄၊ ၅
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄ ယောနသန်က ခမည်းတော်ရှောလုကို ဒါဝိဒ်ရဲ့ ကောင်းကြောင်းတွေ ပြောပြီး+ “အရှင်မင်းကြီး၊ မင်းကြီးရဲ့အမှုထမ်းဒါဝိဒ်ကို မပြစ်မှားပါနဲ့။ သူက မင်းကြီးကို မပြစ်မှားတဲ့အပြင် မင်းကြီးရဲ့ကောင်းကျိုးအတွက် အများကြီး လုပ်ဆောင်ခဲ့ပါတယ်။ ၅ သူ့အသက်ကို ရင်းပြီး ဖိလိတိလူကို သတ်ခဲ့လို့+ ယေဟောဝါဘုရားက အစ္စရေးတွေကို အကြီးအကျယ် အောင်ပွဲခံစေခဲ့တာပဲ။ ဒါကို မင်းကြီးမြင်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့တယ် မဟုတ်လား။ ဒါတောင် သူ့ကို ဘာကြောင့် အကြောင်းမဲ့ သတ်ချင်ရတာလဲ။ အပြစ်မဲ့သူကို ဘာကြောင့် ပြစ်မှားချင်ရတာလဲ”+ လို့ လျှောက်တင်တယ်။

  • ၁ ရှမွေလ ၂၀:၃၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၃ ရှောလုက သူ့ကို လှံနဲ့ပစ်ပေါက်တယ်။+ ဒါနဲ့ ဒါဝိဒ်ကိုသတ်ဖို့ ခမည်းတော် ဆုံးဖြတ်ထားမှန်း ယောနသန် သိသွားတယ်။+

  • ယေရမိ ၁၈:၂၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၀ အကောင်းကို အဆိုးနဲ့ တုံ့ပြန်သင့်သလား။

      ကျွန်တော့်ကိုသတ်ဖို့ သူတို့ တွင်းတူးထားတယ်။+

      သူတို့အတွက် အကောင်းပြောပေးဖို့၊ သူတို့ဆီကနေ အမျက်တော် ရုပ်သိမ်းစေဖို့

      ရှေ့တော်မှာ ကျွန်တော် အကြိမ်ကြိမ် ရပ်ခဲ့ဖူးတာကို သတိရပေးပါ။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ