-
တမန်တော် ၄:၂၅-၂၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ ကိုယ်တော်က သန့်ရှင်းသော စွမ်းအားတော်ကိုသုံးပြီး ကိုယ်တော့်ကျွန် ဘိုးဘေးဒါဝိဒ်ကတစ်ဆင့်+ ‘လူမျိုးတွေ ဘာလို့ ဆူပူအုံကြွနေတာလဲ၊ လူတွေက အကျိုးမရှိတဲ့အရာကို ဘာလို့ တွေးတောကြံစည်နေတာလဲ။ ၂၆ ယေဟောဝါနဲ့* ကိုယ်တော် ဘိသိက်ပေးထားသူကို* ဆန့်ကျင်ဖို့ ကမ္ဘာပေါ်က ဘုရင်တွေ၊ အုပ်စိုးရှင်တွေ စုဝေးနေတယ်’+ ဆိုပြီး ပြောခဲ့ပါတယ်။ ၂၇ ကိုယ်တော် ဘိသိက်ပေးထားတဲ့+ သန့်ရှင်းတဲ့ကျွန် ယေရှုကို ဆန့်ကျင်ဖို့ ဟေရုဒ်မင်း၊ ပုန္တိပိလတ်မင်းတို့က+ လူမျိုးခြားတွေ၊ အစ္စရေးတွေနဲ့အတူ ဒီမြို့မှာ စုဝေးကြပါပြီ။ ၂၈ ကိုယ်တော် ကြိုပြောထားတဲ့အတိုင်း လုပ်ဆောင်ဖို့ သူတို့စုဝေးနေကြတာပါ။ တန်ခိုးတော်ကြောင့်၊ အလိုတော်ကြောင့် အခုလို ဖြစ်ပျက်လာတာပါ။+
-