-
ဒေသနာ ၂:၂၊ ၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂ “ရယ်မောတာဟာ ရူးသွပ်နေတာပဲ” လို့ ငါပြောတယ်။
“အပျော်အပါးကကော ဘာများကောင်းကျိုးပေးလို့လဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးမိတယ်။
၃ စပျစ်ဝိုင်တမြမြနဲ့ ကြည်နူးနေရင် ဘာကောင်းကျိုးများရမလဲ သိအောင်လုပ်ဦးမှပဲဆိုပြီး ငါဆုံးဖြတ်လိုက်တယ်။+ အဲဒီအတောအတွင်း ငါ့စိတ်ကို ဉာဏ်ပညာနဲ့ ထိန်းကွပ်ထားတယ်။ ကမ္ဘာပေါ်မှာနေရတဲ့ သက်တမ်းတိုလေးအတွင်း လူသားတွေ လုပ်ဆောင်ရမယ့် အကောင်းဆုံးအလုပ်ဟာ ဘာများလဲသိနိုင်ဖို့ မိုက်မဲခြင်းကိုတောင် ငါလက်ခံထားခဲ့တယ်။
-
-
ဒေသနာ ၂:၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ အဲဒီနောက် ဉာဏ်ပညာ၊ ရူးသွပ်ခြင်း၊ မိုက်မဲခြင်းအကြောင်း ငါစူးစမ်းမိပြန်တယ်။+ (နောက်မှပေါ်လာမယ့် လူတစ်ယောက်က ဘာများစူးစမ်းနိုင်မှာလဲ။ အားလုံးဟာ လူတွေ စူးစမ်းပြီးသားအရာတွေချည်းပဲ။)
-
-
ဒေသနာ ၇:၂၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ ဉာဏ်ပညာနဲ့ အရင်းခံအကြောင်းတရားကို သိရှိပြီး စူးစမ်းရှာဖွေနိုင်ဖို့၊ မိုက်မဲမှုရဲ့ ဆိုးညစ်တဲ့သဘောနဲ့ ရူးသွပ်မှုရဲ့ မိုက်မဲတဲ့သဘောကို နားလည်နိုင်ဖို့ ငါကြိုးစားတယ်။+
-