-
တောလည်ရာ ၂၀:၁၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၀ မောရှေနဲ့ အာရုန်က လူတွေကို ကျောက်ဆောင်ရှေ့မှာ စုခိုင်းတယ်။ ပြီးတော့ မောရှေက “ဟေ့ သူပုန်တွေ၊ နားထောင်ကြစမ်း။ မင်းတို့က ဒီကျောက်ဆောင်ထဲကနေ ရေထွက်အောင် ငါတို့ကို လုပ်ခိုင်းနေတာမဟုတ်လား”+ ဆိုပြီး၊
-
-
တောလည်ရာ ၂၀:၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ နောက်တော့ ယေဟောဝါက မောရှေနဲ့အာရုန်ကို “မင်းတို့တွေ ငါ့ကို မယုံဘူး။ အစ္စရေးတွေရှေ့မှာ ငါ့ကို သန့်ရှင်းမြင့်မြတ်တဲ့ အရှင်အဖြစ် ဂုဏ်မတင်ဘူး။ ဒါကြောင့် ငါပေးမယ့်ပြည်ထဲ ဒီလူတွေကို ခေါ်သွားရမှာ မဟုတ်ဘူး”+ လို့ပြောတယ်။
-
-
၂ ရှမွေလ ၁၂:၉-၁၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၉ အခုတော့ ငါယေဟောဝါရှေ့မှာ သိပ်ဆိုးတဲ့လုပ်ရပ်ကို မင်းလုပ်လိုက်တာပဲ။ ဘာလို့ ငါ့စကားကို မထီလေးစားလုပ်တာလဲ။ မင်းက ဟိတ္တိလူ ဥရိယကို အမ္မုန်လူမျိုးတွေလက်ချက်နဲ့ သေအောင်လုပ်ပြီး+ သူ့ဇနီးကို သိမ်းပိုက်တယ်။+ ၁၀ ငါ့ကို မထီလေးစားလုပ်ပြီး ဟိတ္တိလူ ဥရိယရဲ့ဇနီးကို သိမ်းပိုက်တဲ့အတွက် မင်းရဲ့အိမ်သားတွေဟာ ဓားဘေးကို အမြဲကြုံရလိမ့်မယ်။’+ ၁၁ ယေဟောဝါ ဆက်ပြောတာက ‘မင်းကိုဒုက္ခပေးမယ့်သူကို မင်းအိမ်သားတွေထဲကနေ ပေါ်လာစေမယ်။+ မင်းရဲ့မိဖုရားတွေကို မင်းရှေ့မှာတင် ယူပြီး တခြားသူကို ပေးပစ်မယ်။+ သူက နေ့ခင်းကြောင်တောင်မှာ မင်းရဲ့မိဖုရားတွေနဲ့ အတူအိပ်လိမ့်မယ်။+
-