-
မဿဲ ၁၂:၁၅-၁၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ ဒါကို ယေရှုသိတော့ အဲဒီကနေ ထွက်သွားတယ်။ လူအများကြီး လိုက်လာတဲ့အခါ+ လူနာရှိသမျှကို ကုသပေးတယ်။ ၁၆ ဒါပေမဲ့ သူ့အကြောင်းကို မပေါက်ကြားစေနဲ့ဆိုပြီး အသေအချာ မှာတယ်။+ ၁၇ ဒါကြောင့် ပရောဖက်ဟေရှာယကတစ်ဆင့် ပြောခဲ့တဲ့ ဒီစကားတွေ ပြည့်စုံလာတယ်–
၁၈ “ငါ့ကျွန်၊+ ငါရွေးချယ်တဲ့သူ၊ ငါချစ်မြတ်နိုးတဲ့သူကို+ ကြည့်ပါ။ သူ့အပေါ် ငါ့ရဲ့စွမ်းအားတော် သက်ရောက်စေမယ်။+ လူမျိုးတွေကို တရားမျှတခြင်းအကြောင်း သူကြားသိစေမယ်။
-