၂ “ဒီအကြောင်းကို လူမျိုးတွေအလယ်မှာ ကြေညာကြ။ ကြွေးကြော်ကြ။
အလံစိုက်ထူပြီး ကြွေးကြော်ကြ။
ဘာမှ ထိမ်ချန်မထားနဲ့။
‘ဗာဗုလုန် သိမ်းပိုက်ခံရပြီ။+
ဗေလ အရှက်ကွဲသွားပြီ။+
မေရောဒပ် ထိတ်လန့်သွားပြီ။
သူ့ဆင်းတုတွေ အရှက်ကွဲသွားပြီ။
ရွံမုန်းဖွယ်ရုပ်တုတွေ ထိတ်လန့်သွားပြီ’ လို့ပြောကြ။