-
တရားဟောရာ ၃၁:၁၆၊ ၁၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၆ ယေဟောဝါက မောရှေကို ဆက်ပြောတယ်– “မကြာခင် မင်းသေဆုံးရတော့မယ်။ ဒီလူမျိုးက သူတို့ရောက်သွားမယ့် ပြည်မှာရှိတဲ့ တိုင်းတစ်ပါးဘုရားတွေကို ဝတ်ပြုကြလိမ့်မယ်။*+ ငါ့ကို စွန့်ပစ်ပြီး+ သူတို့နဲ့ဖွဲ့ခဲ့တဲ့ ပဋိညာဉ်ကို ချိုးဖောက်ကြလိမ့်မယ်။+ ၁၇ အဲဒီအခါ ငါလည်း အကြီးအကျယ် စိတ်ဆိုးပြီး+ သူတို့ လုံးလုံးပျက်စီးသွားတဲ့အထိ စွန့်ပစ်ပြီး+ မျက်နှာလွှဲထားမယ်။+ သူတို့က ဘေးဆိုးတွေ၊ ဆင်းရဲဒုက္ခတွေ အများကြီးကြုံရတဲ့အခါ+ ‘ငါတို့နဲ့အတူ ဘုရားသခင်မရှိလို့ ဒီဘေးဆိုးတွေ ကြုံရတာပဲ’+ ဆိုပြီး ပြောကြလိမ့်မယ်။
-
-
၂ ရာဇဝင်ချုပ် ၃၆:၁၅၊ ၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ ဘိုးဘေးတို့ရဲ့ဘုရား ယေဟောဝါဟာ မိမိနေထိုင်ရာအရပ်နဲ့ လူမျိုးတော်ကို သနားညှာတာတဲ့အတွက် တမန်တွေလွှတ်ပြီး သူတို့ကို အမြဲသတိပေးတယ်။ ထပ်တလဲလဲ သတိပေးတယ်။ ၁၆ ဒါပေမဲ့ သူတို့က စစ်မှန်တဲ့ဘုရားသခင် စေလွှတ်တဲ့ တမန်တွေကို လှောင်ပြောင်တယ်။+ ကိုယ်တော့်စကားကို မထီလေးစားလုပ်ပြီး+ ပရောဖက်တွေကို ကဲ့ရဲ့တယ်။+ နောက်ဆုံး သူတို့ကို ယေဟောဝါ အကြီးအကျယ် အမျက်ထွက်ရတဲ့အထိ၊+ သူတို့ နာလန်မထူနိုင်တော့တဲ့အထိ ဖြစ်သွားတယ်။
-