-
ဟေရှာယ ၄၂:၂၄၊ ၂၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ လုယက်သူတွေလက်ထဲ ယာကုပ်ကို ဘယ်သူအပ်သလဲ။
တိုက်ခိုက်သူတွေလက်ထဲ အစ္စရေးကို ဘယ်သူအပ်သလဲ။
ငါတို့ပြစ်မှားခဲ့တဲ့အရှင် ယေဟောဝါပဲ မဟုတ်လား။
သူတို့က ဘုရားရဲ့လမ်းစဉ်အတိုင်း မလိုက်လျှောက်ဘူး။
ဘုရားရဲ့ပညတ်ကို မနာခံဘူး။+
၂၅ ဒါကြောင့် ဘုရားက အစ္စရေးအပေါ် အမျက်ဒေါသ သွန်းလောင်းတယ်။
ပြင်းထန်တဲ့စစ်ပွဲ ကျရောက်စေတယ်။+
ပတ်လည်မှာ ရှိသမျှကို စစ်မီးလျှံတွေ ဝါးမျိုပေမဲ့ သူဂရုမစိုက်ဘူး။+
သူ့ကိုလောင်ကျွမ်းပေမဲ့ နှလုံးမသွင်းဘူး။+
-