-
ဟေရှာယ ၁၄:၁၊ ၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၄ ယေဟောဝါက ယာကုပ်ကို ကရုဏာပြမယ်။+ အစ္စရေးကို ပြန်ရွေးချယ်မယ်။+ သူတို့ရဲ့နေရင်းပြည်မှာ နေထိုင်စေမယ်။+ တိုင်းတစ်ပါးသားတွေက သူတို့နဲ့ လာပူးပေါင်းမယ်။ ယာကုပ်အမျိုးနဲ့အတူ နေထိုင်လိမ့်မယ်။+ ၂ လူမျိုးခြားတွေက အစ္စရေးတွေကို နေရင်းပြည်ဆီ ပြန်ခေါ်လာမယ်။ အဲဒီလူမျိုးခြားတွေဟာ ယေဟောဝါရဲ့ပြည်မှာ သူတို့ရဲ့ကျေးကျွန်တွေ ဖြစ်လာမယ်။+ အစ္စရေးတွေက မိမိတို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးခဲ့သူတွေကို ပြန်ဖမ်းဆီးရလိမ့်မယ်။ တစ်ချိန်တုန်းက အတင်းအကျပ် ခိုင်းစေခဲ့သူတွေကို ပြန်အုပ်ချုပ်ရလိမ့်မယ်။
-