-
ယောလ ၃:၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၃ သီးနှံတွေ ရင့်မှည့်ပြီဖြစ်လို့ တံစဉ်နဲ့ ရိတ်သိမ်းကြ။
စပျစ်သီးနယ်ရာကျင်း ပြည့်လျှံ နေပြီဖြစ်လို့ ဆင်းလာပြီး နင်းနယ်ကြ။+
သူတို့ရဲ့မကောင်းမှုတွေ များလွန်းလို့ ကျောက်စည်တွေ လျှံကျနေပြီ။
-
-
ဗျာဒိတ် ၁၄:၁၉၊ ၂၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ အဲဒီကောင်းကင်တမန်လည်း ကမ္ဘာမြေပေါ်က စပျစ်ပင်တွေကို တံစဉ်နဲ့ရိတ်ပြီး ဘုရားသခင့် အမျက်တော်ကို တင်စားတဲ့ ဧရာမ စပျစ်သီးနယ်ရာကျင်းထဲ စပျစ်သီးတွေကို သွန်ချလိုက်တယ်။+ ၂၀ မြို့ပြင်မှာ စပျစ်သီးနယ်ရာကျင်းကို နင်းနယ်တယ်။ စပျစ်ကျင်းထဲက စီးထွက်လာတဲ့ သွေးတွေဟာ ချောင်းလို စီးဆင်းသွားတယ်။ အဲဒီသွေးစီးကြောင်းက မြင်းဇက်ကြိုးအထိ မြင့်ပြီး စတာဒီယမ် ၁,၆၀၀* အထိရှည်တယ်။
-