ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • မဿဲ ၂၁:၄၂
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၂ ယေရှုက  “‘တိုက်ကို  တည်ဆောက်သူတွေ ပယ်ထားတဲ့ ကျောက်ဟာ ထိပ်ဆုံးက ထောင့်ချုပ်ကျောက် ဖြစ်လာပြီ။+ ဒီကျောက်ဟာ ယေဟောဝါ* ဆီက လာတယ်။ ငါတို့အမြင်မှာ အံ့သြစရာပဲ’+ ဆိုတဲ့ ကျမ်းစကားကို မဖတ်ဖူးဘူးလား။

  • မဿဲ ၂၁:၄၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၄ လူတစ်ယောက်က ဒီကျောက်ပေါ်ကျရင် သူ အပိုင်းပိုင်း ကျိုးလိမ့်မယ်။+ ဒီကျောက်က သူ့အပေါ်ကျရင် သူ ညက်ညက်ကြေလိမ့်မယ်”+ လို့ပြောတယ်။

  • လုကာ ၂၀:၁၇၊ ၁၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၇ ယေရှုက သူတို့ကို တည့်တည့်ကြည့်ပြီး “‘တိုက်ကိုတည်ဆောက်သူတွေ ပယ်ထားတဲ့ ကျောက်ဟာ ထိပ်ဆုံးက ထောင့်ချုပ်ကျောက် ဖြစ်လာတယ်’+ ဆိုတဲ့ ကျမ်းစကားဟာ ဘာကိုဆိုလိုတာလဲ။ ၁၈ လူတစ်ယောက်က အဲဒီကျောက်ပေါ်ကျရင် သူ အပိုင်းပိုင်း ကျိုးလိမ့်မယ်။+ အဲဒီကျောက်က သူ့အပေါ်ကျရင် သူ ညက်ညက်ကြေလိမ့်မယ်” လို့ပြောတယ်။

  • ရောမ ၉:၃၁-၃၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၃၁ အစ္စရေးတွေကတော့ ပညတ်တွေရဲ့ သတ်မှတ်ချက်အတိုင်း ဖြောင့်မတ်ဖို့ ကြိုးစားပေမဲ့ ပညတ်တွေကို အပြည့်အဝ မစောင့်ထိန်းနိုင်ကြဘူး။ ၃၂ ဘာကြောင့်လဲ။  ယုံကြည်ခြင်းအားဖြင့် မဟုတ်ဘဲ အကျင့်အားဖြင့် ဖြောင့်မတ်ဖို့ သူတို့ကြိုးစားကြလို့ပဲ။ “တိုက်မိလဲစေတဲ့ကျောက်”+ ကို ခလုတ်တိုက်ပြီး လဲသွားကြတာ။ ၃၃ “တိုက်မိလဲစေတဲ့ကျောက်၊+  အတားအဆီးဖြစ်စေတဲ့ ကျောက်ဆောင်ကို ဇိအုန်မှာ ငါချထားတယ်။ အဲဒီကျောက်ကို ယုံကြည်တဲ့သူဟာ စိတ်ပျက်ရမှာ မဟုတ်ဘူး” လို့ ကျမ်းစာမှာ ရေးထားတဲ့အတိုင်းပါပဲ။+

  • ၁ ကောရိန္သု ၁:၂၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၃ ကျွန်တော်တို့ကတော့  သစ်တိုင်ပေါ် ကွပ်မျက်ခံခဲ့ရတဲ့ ခရစ်တော်အကြောင်း  ဟောပြောတယ်။  ဒီအကြောင်းအရာဟာ  ဂျူးတွေအတွက် တိုက်မိလဲစရာဖြစ်နေသလို လူမျိုးခြားတွေအတွက်လည်း မိုက်မဲတဲ့အရာ ဖြစ်နေတယ်။+

  • ၁ ပေတရု ၂:၇၊ ၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၇ ယုံကြည်သူ ခင်ဗျားတို့အတွက် သူဟာ တန်ဖိုးကြီးလှပေမဲ့ မယုံကြည်သူတွေအတွက်တော့  “တိုက်ကို တည်ဆောက်သူတွေ ပယ်ထားတဲ့ ကျောက်ပဲ။+ ဒီကျောက်ဟာ ထိပ်ဆုံးက ထောင့်ချုပ်ကျောက်ဖြစ်လာပြီ။”+ ၈ “တိုက်မိလဲစေတဲ့  ကျောက်၊ အတားအဆီးဖြစ်စေတဲ့ ကျောက်ဆောင်”+ လည်း ဖြစ်လာပြီ။ သူတို့က တရားစကားကို မနာခံတဲ့အတွက် တိုက်မိလဲကြတယ်။ သူတို့လိုလူတွေဟာ အဲဒီလိုပဲ ကြုံရလိမ့်မယ်။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ