-
ပညာအလိမ္မာ ၂၁:၂၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၇ လူဆိုးဆက်သတဲ့ ပူဇော်သက္ကာဟာ ရွံစရာကောင်းတယ်။+ ယုတ်မာတဲ့စိတ်နဲ့ သူဆက်သရင်တော့ ပိုလို့
တောင် ရွံစရာကောင်းတယ်။
-
-
ယေဇကျေလ ၈:၁၁၊ ၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၁ အဲဒီရှေ့မှာ အစ္စရေးအကြီးအကဲ ၇၀ ရပ်နေတယ်။ သူတို့အလယ်မှာ ရှာဖန်ရဲ့သား+ ယာဇညာ ရပ်နေတယ်။ နံ့သာခွက်ကိုယ်စီ ကိုင်ထားတယ်။ မွှေးကြိုင်တဲ့ နံ့သာပေါင်းငွေ့ တလူလူတက်နေတယ်။+ ၁၂ သူက “လူသား၊ အမှောင်ထဲမှာ၊ ရုပ်တုတွေ ရေးထွင်းထားတဲ့ အတွင်းခန်းတွေထဲမှာ အစ္စရေးအကြီးအကဲတွေ ဘာလုပ်နေလဲဆိုတာ မြင်သလား။ သူတို့က ‘ကျုပ်တို့ကို ယေဟောဝါဘုရား မမြင်ပါဘူး။ ဒီပြည်ကို ယေဟောဝါ စွန့်သွားပြီ’ လို့ပြောနေကြတယ်”+ ဆိုပြီး ကျွန်တော့်ကို ပြောတယ်။
-