-
၂ ဘုရင်များ ၃:၂၄၊ ၂၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၄ အစ္စရေးတပ်စခန်းကို ရောက်လာတဲ့အခါ အစ္စရေးတွေ ထတိုက်တဲ့အတွက် မောဘတွေ ထွက်ပြေးရတယ်။+ အစ္စရေးတွေလည်း မောဘပြည်အထိ လိုက်ပြီး တိုက်ခိုက်ချေမှုန်းတယ်။ ၂၅ အစ္စရေးတွေက မြို့တွေကို ဖြိုဖျက်တယ်။ မြေကောင်းမြေသန့်တွေပေါ် ကျောက်တုံးတွေ ပစ်ချပြီး ဖျက်ဆီးပစ်တယ်။ စမ်းရေတွင်းတွေကို ပိတ်ဆို့ပြီး+ ကောင်းတဲ့အပင်တွေကို ခုတ်လှဲကြတယ်။+ နောက်ဆုံး၊ ကိရဟရက်မြို့ရဲ့ တံတိုင်းတွေပဲ ကျန်တယ်။+ အဲဒီအခါ လောက်လွှဲသမားတွေက မြို့ကိုဝိုင်းပြီး ပစ်ခတ်ကြတယ်။
-
-
ယေရမိ ၄၈:၃၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၁ ဒါကြောင့် မောဘအတွက် ငါငိုကြွေးမြည်တမ်းမယ်။
မောဘတစ်မျိုးလုံးအတွက် အော်ဟစ်ငိုကြွေးမယ်။
ကိရဟရက်မြို့သားတွေအတွက် ညည်းတွားမယ်။+
-