-
ဟေရှာယ ၂၀:၃၊ ၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ အဲဒီနောက် ယေဟောဝါ ပြောတယ်– “ငါ့ကျွန်ဟေရှာယဟာ အီဂျစ်နဲ့+ အီသီယိုးပီးယားအတွက်+ နိမိတ်နဲ့+ သတိပေးချက်အဖြစ် သုံးနှစ်ပတ်လုံး အဝတ်မပါဘဲ ခြေဗလာနဲ့ သွားလာသလို၊ ၄ အဆီးရီးယားဘုရင်ကလည်း အီဂျစ်သုံ့ပန်းတွေနဲ့+ အီသီယိုးပီးယား ပြည်နှင်ခံတွေကို လူကြီးလူငယ်မကျန် အဝတ်မပါဘဲ ခြေဗလာနဲ့ ခေါ်သွားလိမ့်မယ်။ ဒါကြောင့် သူတို့ တင်ပါးကိုတောင် မဖုံးနိုင်ဘဲ အရှက်တကွဲ ပါသွားမယ်။
-
-
ယေရမိ ၄၆:၂၅၊ ၂၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၅ “‘နောမြို့*+ မှာရှိတဲ့ အာမုန်ဘုရား၊+ အီဂျစ်ပြည်၊ အီဂျစ်နတ်ဘုရား၊+ ဘုရင်တွေအပါအဝင် ဖာရောနဲ့ သူ့ကိုကိုးစားသူအားလုံးကို+ ငါအရေးယူမယ်’ လို့ အစ္စရေးတို့ရဲ့ဘုရား၊ ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါ ပြောတယ်။
၂၆ “‘အသက်အန္တရာယ်ရှာကြံသူတွေ လက်ထဲ၊ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာနဲ့+ သူ့အမှုထမ်းတွေလက်ထဲ သူတို့ကို ငါအပ်မယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အီဂျစ်ပြည်မှာ အရင်လိုပဲ လူတွေ ပြန်နေထိုင်ကြလိမ့်မယ်။’ ဒါဟာ ယေဟောဝါပြောတဲ့ စကားပဲ။+
-
-
ယေဇကျေလ ၂၉:၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ “ဒါကြောင့် အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါ ပြောတာက– ‘အီဂျစ်ပြည်ကို ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာလက်ထဲ ငါအပ်မယ်။+ သူက အီဂျစ်စည်းစိမ်တွေ၊ တိုက်ရာပါဥစ္စာတွေ တစ်ပုံတစ်ခေါင်း သိမ်းသွားလိမ့်မယ်။ ဒါဟာ သူ့စစ်တပ်အတွက် လုပ်အားခ ဖြစ်လာလိမ့်မယ်။’
-