ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ယေရမိ ၅၀:၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၃ သူ့ကိုတိုက်ဖို့ မြောက်အရပ်ကနေ လူမျိုးတစ်မျိုး လာနေတယ်။+

      သူ့ပြည်ကို ကြောက်လန့်စရာ ဖြစ်စေတယ်။

      အဲဒီပြည်မှာ နေထိုင်သူတစ်ယောက်မှ မရှိတော့ဘူး။

      လူတွေရော တိရစ္ဆာန်တွေပါ ထွက်ပြေးကုန်ပြီ။

      မရှိကြတော့ဘူး။”

  • ယေရမိ ၅၀:၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၉ ဗာဗုလုန်ကိုတိုက်ဖို့ လူမျိုးကြီးတွေရဲ့ တပ်ပေါင်းစုကို

      မြောက်အရပ်မှာရှိတဲ့ ပြည်ကနေ ငါပေါ်ထွန်းစေပြီး ခေါ်လာမယ်။+

      သူ့ကို စစ်ခင်းကြလိမ့်မယ်။

      သူ သိမ်းပိုက်ခံရမယ်။

      သူတို့ရဲ့မြားတွေဟာ စစ်သူရဲမြားတွေလိုပဲ။

      သားသမီးတွေကို သေဆုံးစေတယ်။+

      ပစ်မှတ်ကို မထိမှန်ဘဲ မနေဘူး။

  • ယေရမိ ၅၁:၂၇၊ ၂၈
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၇ “တိုင်းပြည်မှာ အလံစိုက်ထူကြ။+

      လူမျိုးတွေအလယ်မှာ တံပိုးမှုတ်ကြ။

      သူ့ကိုတိုက်ဖို့ လူမျိုးတွေကို ခန့်အပ်ကြ။

      အာရရတ်၊+ မိန္နီနဲ့ အာရှကေနတ်+ တိုင်းနိုင်ငံတွေကို ဆင့်ခေါ်ကြ။

      သူ့ကိုတိုက်ခိုက်ဖို့ တပ်သားစုဆောင်းရေးအရာရှိကို အမိန့်ပေးကြ။

      မြင်းတွေကို ကျိုင်းကောင်တွေလို တက်လာစေပါ။

      ၂၈ သူ့ကိုတိုက်ဖို့ လူမျိုးတွေ၊

      မီးဒီးယားဘုရင်တွေ၊+ ဘုရင်ခံတွေ၊

      အုပ်ချုပ်ရေးမှူးတွေ၊ လက်အောက်ခံတိုင်းပြည်တွေကို ခန့်အပ်ကြ။

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ