-
ဟေရှာယ ၅:၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ သူတို့ရဲ့ စားသောက်ပွဲတွေမှာ စောင်း၊ ကြိုးတပ်တူရိယာ၊
ချူတပ်ဗုံ၊ ပလွေနဲ့ စပျစ်ဝိုင်တွေ ပါတယ်။
ဒါပေမဲ့ ယေဟောဝါရဲ့ လုပ်ဆောင်မှုအကြောင်းကို မစဉ်းစားကြဘူး။
ဘုရားရဲ့လက်ရာတွေကို မမြင်ကြဘူး။
-
-
ဟေရှာယ ၅၆:၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ “လာကြ။ စပျစ်ဝိုင်ကို ငါယူခဲ့မယ်။
အရက်ကို မူးအောင်သောက်ကြစို့။+
မနက်ဖြန်ဟာ ဒီနေ့လိုပဲဖြစ်မှာပါ။ ဒီထက်တောင် ပိုကောင်းဦးမယ်” လို့ပြောကြတယ်။
-
-
အာမုတ် ၆:၁သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ “ဇိအုန်မှာရှိတဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ချလွန်းသူတွေ၊
ရှမာရိတောင်တန်းမှာနေပြီး ဘေးကင်းလုံခြုံတယ်လို့ ထင်နေသူတွေ အဖြစ်ဆိုးကြုံရလိမ့်မယ်။+
သူတို့ဟာ လူမျိုးတွေထဲမှာ အထင်ကရပုဂ္ဂိုလ်တွေပဲ။
သူတို့ဆီ အစ္စရေးတွေ လာကြတယ်။
-
-
ယာကုပ် ၅:၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၅ ခင်ဗျားတို့က ဒီလောကမှာ စည်းစိမ်ခံပြီး အပျော်အပါး လိုက်စားနေတယ်။ အသတ်ခံရမယ့်နေ့အထိ စားသောက်ပြီး ဆူဖြိုးနေတဲ့ တိရစ္ဆာန်တွေနဲ့ တူနေတယ်။+
-