-
ကမ္ဘာဦး ၇:၁၅၊ ၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ အသက်စွမ်းအားရှိတဲ့ တိရစ္ဆာန်အမျိုးမျိုး သင်္ဘောထဲ အစုံလိုက် ဝင်ကြတယ်။ ၁၆ နောဧကို ဘုရားသခင်မှာထားတဲ့အတိုင်း တိရစ္ဆာန်အမျိုးမျိုး အစုံလိုက် ဝင်ကြတယ်။ အဲဒီနောက် ယေဟောဝါက တံခါးပိတ်လိုက်တယ်။
-
-
ထွက်မြောက်ရာ ၁၂:၂၂၊ ၂၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ ဟုဿုပ်ခက်* တစ်စည်းကို ဇလုံထဲက သွေးမှာနှစ်ပြီး တံခါးထုပ်နဲ့ တံခါးတိုင်နှစ်ဖက်မှာ သုတ်ပါ။ မိုးမလင်းမချင်း ဘယ်သူမှ အိမ်ပြင်မထွက်ရဘူး။ ၂၃ အီဂျစ်ပြည်ကို ဒဏ်ခတ်ဖို့ ယေဟောဝါဖြတ်သွားတဲ့အခါ တံခါးထုပ်နဲ့ တံခါးတိုင်နှစ်ဖက်က သွေးကိုမြင်ပြီး အဲဒီတံခါးကို ယေဟောဝါ ကျော်သွားမယ်။ ခင်ဗျားတို့အိမ်ထဲကို သေဘေးဝင်ဖို့ ခွင့်ပြုမှာ မဟုတ်ဘူး။+
-