-
ဟေရှာယ ၆၀:၂၁၊ ၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၁ မင်းရဲ့လူတွေအားလုံး ဖြောင့်မတ်လာမယ်။
ဒီပြည်ကို ထာဝစဉ် ပိုင်ဆိုင်ရလိမ့်မယ်။
သူတို့ဟာ ငါစိုက်ပျိုးထားတဲ့ အညှောက်ပဲ။
ငါ့ကို ကျက်သရေတိုးစေမယ့်+ ငါ့လက်ရာတွေပဲ။+
၂၂ လူနည်းစုလေးဟာ လူတစ်ထောင် ဖြစ်လာမယ်။
အရေးမပါတဲ့သူဟာ အားကြီးတဲ့လူမျိုး ဖြစ်လာမယ်။
အချိန်တန်တဲ့အခါ ဒီလိုဖြစ်လာအောင် ငါယေဟောဝါကိုယ်တိုင် အရှိန်အဟုန် မြှင့်မယ်။”
-
-
ယေရမိ ၃၀:၁၈၊ ၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၈ ယေဟောဝါ ပြောတယ်–
“ယာကုပ်ရဲ့တဲဆီ ငါပြန်လာမယ်။ သုံ့ပန်းတွေကို ပြန်စုသိမ်းမယ်။+
သူ့အိမ်တွေကို သနားမယ်။
သူ့တောင်ကုန်းပေါ်မှာ မြို့ကို ပြန်တည်ဆောက်မယ်။+
ခံတပ်မျှော်စင်ကလည်း ရှိသင့်တဲ့နေရာမှာ ပြန်ရှိနေလိမ့်မယ်။
၁၉ သူတို့ဆီကနေ ကျေးဇူးတင်ချီးမွမ်းသံ၊ ရယ်မောသံတွေ ထွက်ပေါ်လာမယ်။+
သူတို့ကို ငါတိုးပွားများပြားစေမယ်။ လျော့နည်းသွားမှာ မဟုတ်ဘူး။+
သူတို့ကို တိုးများစေမယ်။*
လူနည်းစုဖြစ်မှာ မဟုတ်ဘူး။+
-