-
ယေရမိ ၂၅:၁၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ အစ္စရေးတို့ရဲ့ဘုရား ယေဟောဝါက ကျွန်တော့်ကို ပြောတယ်– “ငါ့လက်ထဲက ဒီအမျက်တော်ဝိုင်ခွက်ကို ယူပြီး ငါစေလွှတ်တဲ့အတိုင်း လူမျိုးအားလုံးကို သောက်ခိုင်းပါ။
-
-
ယောလ ၃:၁၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ “လူမျိုးခြားတွေ ထပြီး ယောရှဖတ်ချိုင့်ဝှမ်းလွင်ပြင်ဆီ လာကြပါစေ။
ငါက အဲဒီလွင်ပြင်မှာ ထိုင်ပြီး ပတ်ဝန်းကျင်လူမျိုးအားလုံးကို တရားစီရင်မယ်။+
-
-
ဇေဖနိ ၃:၈သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ယေဟောဝါ ပြောတာက– ‘ဒါကြောင့် တိုက်ခိုက်လုယက်ဖို့ ငါရောက်လာမယ့်နေ့* မတိုင်မချင်း
ငါ့ကို စိတ်ရှည်ရှည် စောင့်နေပါ။+
လူမျိုးတွေကို စုဝေးဖို့၊ နိုင်ငံတွေကို စုစည်းဖို့ ငါ စီရင်ဆုံးဖြတ်ထားတယ်။
အမျက်တော်မီးကို သူတို့အပေါ် အကုန်အစင် သွန်းလောင်းမယ်။+
မီးလိုတောက်လောင်တဲ့ ငါ့ရဲ့ထက်သန်တဲ့စိတ်ကြောင့် မြေတစ်ပြင်လုံး လောင်ကျွမ်းသွားမယ်။+
-