-
၂ ဘုရင်များ ၈:၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ ဒါပေမဲ့ ဧဒုံပြည်က ယုဒနိုင်ငံကို ဒီနေ့အထိ ပုန်ကန်နေတုန်းပဲ။ အဲဒီအချိန်မှာ လိဗနမြို့ကလည်း+ ပုန်ကန်တယ်။
-
-
၂ ဘုရင်များ ၁၉:၈-၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၈ ရာဗရှာခဟာ လာခိရှမြို့ကနေ အဆီးရီးယားဘုရင် တပ်ဆုတ်သွားတဲ့ သတင်းကို ကြားတော့+ ဘုရင့်ဆီ ပြန်သွားတယ်။ အဲဒီအခါ လိဗနမြို့ကို ဘုရင်တိုက်ခိုက်နေတာ သူတွေ့လိုက်ရတယ်။+ ၉ အဲဒီအချိန်မှာ အဆီးရီးယားဘုရင်က အီသီယိုးပီးယားဘုရင် တိရခါ “စစ်ချီလာပြီ” ဆိုတဲ့သတင်းကို ကြားတယ်။ ဒါနဲ့ ဟေဇကိမင်းဆီ တမန်တွေပြန်လွှတ်ပြီး၊+ ၁၀ “ယုဒဘုရင် ဟေဇကိကို ပြောလိုက်– ‘မင်းအားကိုးနေတဲ့ ဘုရားသခင်က “ဂျေရုဆလင်မြို့ဟာ အဆီးရီးယားဘုရင်လက်ထဲ ရောက်မှာမဟုတ်ဘူး” ဆိုပြီး လှည့်စားနေတာကို လက်မခံနဲ့။+ ၁၁ အဆီးရီးယားဘုရင်တွေက တိုင်းနိုင်ငံအားလုံးကို ဖျက်ဆီးပစ်တယ်ဆိုတာ မင်းကြားဖူးသားပဲ။+ မင်းကျမှ ငါ့လက်ကနေ လွတ်မတဲ့လား။ ၁၂ ငါ့ရဲ့ဘိုးဘေးတွေ ဖျက်ဆီးပစ်ခဲ့တဲ့ လူမျိုးတွေရဲ့ဘုရားတွေက သူတို့ကို ကယ်တင်ခဲ့လို့လား။ ဂေါဇန်ပြည်သား၊ ခါရန်ပြည်သား၊+ ရေဇပ်ပြည်သားတွေ၊ တေလသာမြို့မှာနေထိုင်တဲ့ ဧဒင်လူမျိုးတွေ ဘယ်မှာရှိတော့လို့လဲ။ ၁၃ ဟာမတ်ဘုရင်၊ အာပဒ်ဘုရင်၊ သေဖရဝိမ်မြို့၊ ဟေနမြို့နဲ့ အိဝါမြို့တို့ရဲ့ ဘုရင်တွေကော ဘယ်မှာရှိတော့လို့လဲ’”+ ဆိုပြီး ပြောခိုင်းလိုက်တယ်။
-