၈ ပြီးတော့ ယေဟောဝါရဲ့အိမ်တော်နဲ့ နန်းတော်ဘဏ္ဍာတိုက်ထဲမှာ တွေ့သမျှ ရွှေငွေကိုယူပြီး အဆီးရီးယားဘုရင်ကို လက်ဆောင်ပေးလိုက်တယ်။+ ၉ အဆီးရီးယားဘုရင်က သူတောင်းဆိုတဲ့အတိုင်း လိုက်လျောတယ်။ ဒမတ်စကတ်မြို့ကို ချီတက်သိမ်းပိုက်ပြီး မြို့သားတွေကို ကိရအရပ်ကို ဖမ်းခေါ်သွားတယ်။+ ရေဇိန်ကိုတော့ ကွပ်မျက်လိုက်တယ်။+