-
ဟေရှာယ ၄၀:၁၉သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၉ လက်မှုပညာသည်က ရုပ်တုကို သွန်းလုပ်တယ်။
ပန်းထိမ်သမားက ရုပ်တုကို ရွှေချပြီး+ ငွေကြိုးတွေနဲ့ အလှဆင်တယ်။
-
-
ဟေရှာယ ၄၁:၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၇ လက်မှုပညာသည်က ပန်းထိမ်သမားကို အားပေးတယ်။+
တူနဲ့ အချောကိုင်တဲ့သူက ပေပေါ်မှာ တူနဲ့ထုတဲ့သူကို အားပေးပြီး “ဂဟေဆော်ထားတာ ကောင်းလိုက်တာ” လို့ပြောတယ်။
အဲဒီနောက် ရုပ်တုကို မပြိုလဲအောင် သံနဲ့ရိုက်တယ်။
-
-
ယေရမိ ၁၀:၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃ သူတို့ရဲ့ဓလေ့ထုံးစံတွေဟာ လှည့်စားမှုပဲ။
ခုတ်လှဲခံလိုက်ရတဲ့ တောထဲက သစ်ပင်လိုပဲ။
လက်မှုပညာသည်က အဲဒီသစ်ကိုထွင်းပြီး ရုပ်တုလုပ်တယ်။+
-
-
ဟောရှေ ၈:၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ နွားသငယ်ရုပ်တုဟာ အစ္စရေးကနေ စတင်တယ်။
လက်မှုပညာသည်ရဲ့ လက်ရာဖြစ်လို့ စစ်မှန်တဲ့ဘုရား မဟုတ်ဘူး။
ရှမာရိရဲ့ နွားသငယ်ရုပ်တုဟာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားမယ်။
-