-
၂ ဘုရင်များ ၁၈:၃၀သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၀ ဟေဇကိက “ငါတို့ကို ယေဟောဝါ ကျိန်းသေကယ်လိမ့်မယ်။ အဆီးရီးယားဘုရင်လက်ထဲ ဒီမြို့ မရောက်စေရဘူး” ဆိုပြီး ယေဟောဝါကို မင်းတို့အားကိုးလာအောင် လုပ်နေတာကို လက်မခံနဲ့။+
-
-
၂ ဘုရင်များ ၁၈:၃၅သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၃၅ ပြည့်ရှင်ဘုရားတွေထဲမှာ ဘယ်ဘုရားကများ ကိုယ့်တိုင်းပြည်ကို ငါ့လက်ကနေ ကယ်နုတ်ဖူးလို့လဲ။ ယေဟောဝါကရော ဂျေရုဆလင်မြို့ကို ငါ့လက်ကနေ ကယ်တင်နိုင်မှာ မို့လို့လား။”’”+
-
-
ဟေရှာယ ၁၀:၁၂၊ ၁၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၂ “ငါယေဟောဝါက ဇိအုန်တောင်နဲ့ ဂျေရုဆလင်မြို့မှာ အလုပ်မှန်သမျှ လက်စသတ်ပြီးတဲ့အခါ အဆီးရီးယားဘုရင်ကို သူ့ရဲ့ရိုင်းစိုင်းတဲ့စိတ်၊ မာနထောင်လွှားတဲ့ အကြည့်တွေကြောင့် အပြစ်ပေးမယ်။+ ၁၃ သူက
‘ငါ့လက်ရုံးအစွမ်းကြောင့်၊ ငါ့ဉာဏ်ပညာကြောင့် ဒီလိုလုပ်နိုင်ခဲ့တာ။
ငါဟာ ဉာဏ်ကြီးသူဖြစ်နေလို့
လူမျိုးတွေရဲ့ နယ်နိမိတ်တွေကို ဖယ်ရှားပြီး+
စည်းစိမ်ဥစ္စာတွေကို သိမ်းယူနိုင်ခဲ့တာ။+
အခုလည်း ခွန်အားကြီးသူလို မြို့သူမြို့သားတွေကို နှိမ်နင်းမယ်။+
-