ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ထွက်မြောက်ရာ ၁၅:၁၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    •  ၁၁ အို ယေဟောဝါ၊ ကိုယ်တော့်လို ဘုရားမျိုး ဘယ်မှာရှိသလဲ။+

      ကိုယ်တော့်လို သန့်ရှင်းမြင့်မြတ်တဲ့ဘုရားမျိုး ဘယ်မှာရှိသလဲ။+

      ကြောက်ရွံ့ရိုသေထိုက်ပြီး ချီးမွမ်းထိုက်တဲ့အရှင်၊ အံ့ဖွယ်အမှုတွေလုပ်တဲ့အရှင်ပါပဲ။+

  • ၂ ဘုရင်များ ၁၉:၂၂-၂၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၂ မင်း ဘယ်သူ့ကို ကဲ့ရဲ့နေတာလဲ။ ဘယ်သူ့ကို စော်ကားပြောဆိုနေတာလဲ။+

      ဘယ်သူ့ကို အော်ကြီးဟစ်ကျယ် ပြောနေတာလဲ။+

      ဘယ်သူ့ကို မောက်မာတဲ့အကြည့်နဲ့ ကြည့်နေတာလဲ။

      အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင်ကို မဟုတ်လား။+

      ၂၃ မင်းက တမန်တွေလွှတ်ပြီး+ ယေဟောဝါကို ကဲ့ရဲ့တယ်။+

      ‘လက်ဘနွန်ရဲ့တောင်ထိပ်တွေ၊

      အစွန်အဖျားဒေသတွေကို

      စစ်မြင်းရထားအလုံးအရင်းနဲ့ ငါတက်မယ်။

      မြင့်မားတဲ့ သစ်ကတိုးပင်တွေ၊ အကောင်းဆုံး ဂျူနီပါထင်းရှူးပင်တွေကို ခုတ်လှဲမယ်။

      ဝေးလံလှတဲ့ ဆိတ်ငြိမ်ရာအရပ်တွေထဲ၊ တောနက်ကြီးတွေထဲ ငါဝင်မယ်။

      ၂၄ ရေတွင်းတွေတူးပြီး မသောက်ဖူးတဲ့ ရေကို ငါသောက်မယ်။

      အီဂျစ်ချောင်းတွေကို ငါ့ခြေဖဝါးနဲ့ ခန်းခြောက်စေမယ်’ လို့ပြောတယ်။

  • ဟေရှာယ ၁၀:၂၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၂၀ အဲဒီအချိန်ရောက်ရင် အစ္စရေးရဲ့ ကျန်ကြွင်းသူတွေ၊

      ယာကုပ်အမျိုးရဲ့ အသက်ရှင် ကျန်ရစ်သူတွေဟာ

      သူတို့ကို တိုက်ခိုက်တဲ့သူကို အားမကိုးတော့ဘူး။+

      အစ္စရေးတို့ရဲ့ သန့်ရှင်းတဲ့အရှင် ယေဟောဝါကိုပဲ

      အမှန်တကယ် အားကိုးကြမယ်။

  • ယေဇကျေလ ၃၉:၇
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၇ သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်အကြောင်း ငါ့လူမျိုးအစ္စရေးတွေကို သိစေမယ်။ သန့်ရှင်းမြင့်မြတ်တဲ့ ငါ့နာမည်ကို ကဲ့ရဲ့ရှုတ်ချစရာဖြစ်အောင် လုပ်ခွင့်ပြုတော့မှာ မဟုတ်ဘူး။ ငါဟာ အစ္စရေးပြည်မှာရှိတဲ့ သန့်ရှင်းမြင့်မြတ်တဲ့အရှင်+ ယေဟောဝါဖြစ်မှန်း လူမျိုးတွေ သိရကြလိမ့်မယ်။’+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ