-
နေဟမိ ၁၃:၂၂သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၂ ပြီးတော့ လေဝိအမျိုးသားတွေကို ပုံမှန် ကိုယ်ကိုစင်ကြယ်စေပြီး မြို့တံခါးတွေမှာ လာစောင့်ကြပ်ရမယ်လို့ ကျွန်တော်မှာထားတယ်။ ဒါမှ ဥပုသ်နေ့ကို မြင့်မြတ်တဲ့နေ့အဖြစ် စောင့်ထိန်းနိုင်မယ်။+ ဘုရားသခင်၊ ကျွန်တော် အခုလို လုပ်ဆောင်တာကိုလည်း သတိရပေးပါ။ ကိုယ်တော်ရဲ့ ခိုင်မြဲသောမေတ္တာ ကြီးမားလှတဲ့အတွက် ကျွန်တော့်ကို သနားပါ။+
-
-
ဆာလံ ၂၀:၁-၃သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၂၀ ဒုက္ခရောက်ချိန်မှာ မင်းကြီးရဲ့ ဆုတောင်းချက်ကို ယေဟောဝါ အဖြေပေးပါစေ။
ယာကုပ်ကိုးကွယ်တဲ့ ဘုရားသခင်ရဲ့ နာမည်က မင်းကြီးကို ကာကွယ်ပေးပါစေ။+
၂ ဘုရားက မင်းကြီးအတွက် အကူအညီကို သန့်ရှင်းရာအရပ်ကနေ စေလွှတ်ပေးပါစေ။+
ဇိအုန်တောင်ကနေ ဖေးမပေးပါစေ။+
၃ မင်းကြီးဆက်သတဲ့ ပူဇော်သက္ကာတွေကို ဘုရား သတိရပါစေ။
မီးရှို့ရာ ပူဇော်သက္ကာကို နှစ်သက်လက်ခံပါစေ။ (စဲလာ)
-